ကျွန်တော် ယုံကြည်တဲ့ RISE
ဘဝမှာ ဒီလေးခုကို ကိုးကွယ်တယ်။
The Power of
Research သုတေသနလုပ်ခြင်း
Innovation တီထွင်ဆန်းသစ်ခြင်း
System စနစ်
Entrepreneurship စွန့်ဦးတီထွင်မှု။
၁။ Research သုတေသန
နေ့တိုင်း ကိုယ့်အတွက်၊
လုပ်ငန်းနယ်ပယ်အတွက်
အသိပညာအသစ်တွေ၊
အတွေးအခေါ်အသစ်တွေ
ရှာဖွေစုဆောင်းဖို့ စာဖတ်ခြင်း၊
စမ်းသပ်ခြင်း၊ လေ့လာခြင်း၊
ပြန်လည် စဥ်းစားသုံးသပ်ခြင်း။
၂။ Innovation တီထွင်ဆန်းသစ်မှု
စျေးကွက်ပြဿနာကို မတူညီတဲ့
နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့
နည်လမ်းလမ်းရှာဖွေဆန်းသပ်ခြင်း။
၃။ System စနစ်
ထပ်ခါထပ်ခါ လုပ်ရမည့်အလုပ်တွေကို
မြန်ကောင်းသက်သာဖြစ်အောင်
ပိုမြန်အောင်၊
ရလဒ်တွေ ဗရမ်းဗတာကြုံရာကျပန်းလုပ်နေတာထက်
ပိုကောင်းအောင်၊
အချိန်ကုန် လူပင်ပန်းသက်သာအောင်
စနစ်ရဲ့ စွမ်းပကားကို အသုံးပြုခြင်း။
၄။ Entrepreneurship စွန့်ဦးတီထွင်မှု
စွန့်စားမှုနဲ့ ဆွတ်ခူးမှုရလဒ်နဲ့
တိုက်ရိုက်အချိုးကျနေတယ်။
စွန့်စားရမယ်၊
ကိုယ်နဲ့ရင်ဘတ်ချင်းတူတွေသူတွေကို
ဦးဆောင်ရမယ်၊
ရှိတာနဲ့ဖြစ်အောင် တီထွင်ဖန်တီးနိုင်ဖို့က
စျေးကွက်တစ်ခုရဲ့ အပြောင်းအလဲပဲ။
ဒါကြောင့် အမြင့်ကိုပျံသန်းနိုင်ဖို့
RISE ကို ကျင့်သုံးဖို့ အတိုကောက်
နာမည်ပေးထားတယ်။
ကျွန်တော့်ဘဝရဲ့ လမ်းပြဥပဒေသ
Guiding Principles ပဲ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay