တရွာမပြောင်း သူကောင်းမဖြစ်။
သေချင်တဲ့ကျားတောပြောင်း။
အခွင့်အရေးတစ်ခုလာရင် “Yes” လို့
အရင်ပြောလိုက် နောက်မှ
ဘယ်လိုလုပ်ရမလဲ ရှာဖွေလို့
Richard Branson က ပြောတယ်။
အရမ်းအောင်မြင်တဲ့သူတိုင်းက
အရာရာနီးပါးကို “No” လို့ပြောတယ်လို့
Warren Buffet က ပြောတယ်။
ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်ပါလို့
Steve Jobs က ပြောတယ်။
ကိုယ်ချစ်တာမလုပ်နဲ့
ကိုယ်အားသာတာကိုပဲလုပ်လို့
Mark Cuban က ပြောတယ်။
ဘယ်သူ့စကားနားထောင်မလဲ။
ကိုယ်ရောက်နေတဲ့
အဆင့်ပေါ်မူတည်ပြီး
ကိုယ်သတ်မှတ်ထားတဲ့ စည်းမျဉ်းကို
လိုက်နာရမှာပဲ။
ဒီစည်းမျဉ်းကလဲ အလုပ်ဖြစ်လား
လေ့လာနေဖို့ အရေးကြီးတယ်။
Phyo Paing @ Derek