ကိုယ့်ရဲ့ မသိစိတ်က
ကိုယ့်အကြောင်းကို
ကိုယ့်ထက်ပိုသိတယ်။
ဖတ်သမျှ၊ မှတ်သမျှ၊
ကြုံဆုံသမျှ အကုန်လုံးကို
မသိစိတ်မှာ
ခြုံငုံအကုန်မှတ်တမ်းတင်ထားတယ်။
ကိုယ့်ရဲ့ မသိစိတ်အလုပ်လုပ်ပုံကို
သတိပြုမိခြင်းကို
သတိရှိခြင်းလို့ခေါ်တယ်။
Self-awareness လို့ခေါ်တယ်။
တခါတလေ ငါဘာ့ကြောင့်
ဒါကို ဒီလိုလုပ်နေလဲဆိုတာ
သတိမမူမိတတ်ကြဘူး။
အသိ၊ သတိ၊ ပညာ
ဒီလိုလာတယ်။
အသိရှိလာရင်
သတိလေးထားပြီး
ကိုယ့်ကိုယ်ကို လေ့လာမိလာမယ်။
ဒါမှာ ကိုယ့်ကိုယ်ကိုပို
သဘောပေါက်နားလည်လာမယ်။
ဒီမှာ ပညာဖြစ်တယ်။
ဘဝမှာ ကိုယ့်ရဲ့မသိစိတ်
ခြုံငုံမှတ်တမ်းတင်ရာက
အလိုအလျောက်ဖြစ်လာတဲ့
အပြုအမူတွေကို
နေ့စဥ် လေ့လာရင်း
ကိုယ့်ကိုယ်ကို ပိုနားလည်လာတာ
ပညာ ရတာပဲ။
Phyo Paing @ Derek