စာသင်တာဝါသနာပါလို့ သင်တန်းကျောင်းထောင်တဲ့အခါ စာမသင်ရတော့ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ စာသင်တာထက် စီးပွားရေးလုပ်ငန်းတစ်ခုလုံး လည်ပတ်ဖို့အချိန်ပေးရလို့ပါ။
အချက်အပြုတ်ဝါဿနာပါလို့ စားသောက်ဆိုင်ဖွင့်သော အခါ အချက်အပြုတ်မလုပ်ရတော့လေပဲ စီးပွားရေးလည်ပတ်ရန် တခြားလုပ်ငန်းဆောင်တာများကို လုပ်ရလေသည်။
ဖုန်းတွေဂလိရာ ဝါသနာပါရာက ဖောက်သည်တွေလည်းရှိတာနဲ့ ဖုန်းဆိုင်ဖွင့်ရာမှ ဖုန်းမပြင်ပဲ စီးပွားရေးလည်ပတ်ဖို့စဉ်းစားရလေသည်။
အရင်ခေတ်မှာ Financial Freedom ရဖို့ စီးပွားရေးလုပ်ငန်းလုပ်ရမယ်၊ Assets တွေ ဝယ်ယူရမယ်ဆိုတဲ့ အယူအဆတစ်ခုရှိပါတယ်။
ဒီနေ့ခေတ်မှာ Financial Confidence ရဖို့ အတွက် Passion စိတ်အားထက်သန်မှု အခြေပြု လုပ်ငန်းတွေလိုလာပါတယ်။
Bigger is better လို့ထင်လာရာကနေ Small is beautiful ဖြစ်လာပါပြီ။ နည်းပညာကို အသုံးပြုတဲ့အခါ လူနည်းနည်းနဲ့ ကျစ်လစ်တဲ့ lean organization တွေတည်ဆောက်လာနိုင်ပါမယ်။
More people = More problems
ဒါ့ကြောင့် ဝါသနာပါရာအလုပ်ကိုရှာ Scaling လုပ်ငန်းချဲ့ဖို့ လူတွေကို အစားထိုးလို့ ရအောင်လုပ်ရာက အစားထိုးမရတဲ့ ကျွမ်းကျင် စွမ်းရည် linchpin Talent ရှိတဲ့သူတွေနဲ့ ဖွဲ့စည်းဖို့လိုတယ်။
Atlassian သည် 2015 မှာ အရောင်းဝန်ထမ်းတစ်ယောက်မှ မရှိပဲတစ်နှစ် ရောင်းအား $320 Million ရောင်းအားရှိခဲ့သည်။
လူများများ organization တွေ အပြင်ပိုင်းလှပေမယ့် အတွင်းပိုင်း တစ်ထပ်တည်းကျဖို့ မလွယ်ပေ။
Iron Cross ကိုကြည့်ပါ။ ခေတ်သစ်မှာ Team မှာ အစားထိုးမရနိုင်တဲ့ ကျွမ်းကျင်သူတွေလိုတယ်။ SOP တွေနဲ့ လုပ်ငန်းလည်ပတ်တဲ့ Company တွေဟာ Passion အခြေပြု လုပ်ငန်းတွေကနေ စိန်ခေါ်မှု အကြီးကြီးလာတော့မည်။
Phyo Paing @ Derek