Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Social Media

ကိုယ်က Facebook Page လုပ်တယ်။
လူမှုကွန်ယက်မှာ စာတွေတင်၊
ဗီဒီယိုတွေတင်တယ်ဆို
ကိုယ့်ရည်ရွယ်ချက်ကဘာလဲ
အရင်ပြန်စဥ်းစားရတယ်။

နာမည်ကြီးဖို့လား။
လူအထင်ကြီးဖို့လား။
အိုင်ဒီယာတစ်ခုကို လူတွေသိအောင်လား။
စျေးပိုရောင်းချင်တာလား။
လူတိုင်းကိုသိစေချင်တာလား၊
ကိုယ်သိစေချင်တဲ့ လူတစ်စုကိုပဲသိစေချင်တာလား။
လူတွေကို တကယ်ကူညီပေးဖို့လား။
လုပ်ငန်းအသစ်တွေပြန်စရင်လွယ်ဖို့လား။
ငွေပိုရှာဖို့လား။
လွမ်းမိုးမှုပိုကြီးဖို့လား။
ကိုယ့်ရန်သူတွေကို ဒုက္ခပေးဖို့လား။
လူတွေရဲ့ အတွေးအမှားတွေကိုပြင်ပေးချင်တာလား။
ဒီလိုလေးလဲ ဖန်တီးလို့ရတယ်ဆိုတဲ့
အသစ်တွေကို ပြပေးချင်တာလား။
လူတွေကို ဖျော်ဖြေချင်တာလား။
ကိုယ့်လုပ်ငန်းကို လိုသိပိုများဖို့လား။
အိုင်ဒီယာသစ်တွေကို စမ်းသပ်ဖို့လား။

တစ်ခုထက်လဲ ပိုနိုင်တယ်။

ဒီအချက်ကို သေချာသိရင်
ကိုယ့်ရဲ့ လူမှုကွန်ယက်မဟာဗျူဟာကို
သေချာ ချမှတ်လို့ရပြီ။

လူတိုင်း Social Media ကိုအသုံးပြုပေမယ့်
အသုံးပြုတဲ့ ရည်ရွယ်ချက်မတူကြဘူး။

Phyo Paing @ Derek

Share Your Idea!​