Social Media ကို Motivation အတွက်
ဘယ်လို အထာကျကျသုံးသလဲ။
သင်ယူမှု၊ မော်တီဗေးရှင်းနဲ့ လှုပ်ရှားမှုအတွက်
Dopamine ဆိုတဲ့ ဟော်မုန်းလိုတယ်။
ဒီ ဒိုပါမင်းဟော်မုန်းက
သဘာဝအလျောက်ဖြစ်နေတဲ့
ခန္ဓာကိုယ်အတွင်းက “feel-good”
နေထိုင်လို့ကောင်းစေတဲ့ ဟော်မုန်းဖြစ်တယ်။
အစားအသောက်ကောင်း၊ sex သို့
စွဲလမ်းစေတဲ့ဆေးဝါးတချို့ကြောင့်လဲ
ဒီ ဟော်မုန်းထွက်တယ်။
လူ့ဦးနှောက်ရဲ့ reward system ကို
နိုးဆွတဲ့အတွက် နေလို့ထိုင်လို့ကောင်း
high စေတယ်။
Social Media က ဒီ hormone ဖြစ်စဥ်ကို
အသုံးပြုပြီး လူတွေကိုစွဲလမ်းအောင်
ဖန်တီးထားတယ်။
ဒါကြောင့် post ခဏခဏတင်တဲ့သူတွေက
တင်ပြီးရင် တင်ချင်နေတာဖြစ်တယ်။
ဒီဖြစ်စဥ်ကို အသုံးပြုပြီး
ခါတိုင်း note တွေထဲမှာရေးတဲ့
စာတွေကို social media မှာတင်ပြီး
dopamine hormone ကို နှိုးဆွတယ်။
ဒီကမှ တဆင့်နောက် content တွေ
ဖန်တီးဖို့ motivation တွေပြန်ရပြီး
endless cycle ဖြစ်လာတယ်။
အခုရေးနေတဲ့ personal account က
filter လုပ်ပြီး တင်သင့်တဲ့ content တွေကို
business page မှာ ပြန်တင်တယ်။
Gym သွားတယ်။
ဒါက မလုပ်တတ်ရင်
painful process ဆိုတာ
လူတိုင်း သိကြတယ်။
ဒီတော့ နေ့တိုင်း daily check-in လုပ်ပြီး
dopamine ကို နိုးဆွတယ်။
လူတွေကို unstoppable ဖြစ်ဖို့
စိတ်ပညာနဲ့တင်မရဘူး။
ဇီဝကမ္မဖြစ်စဥ်တွေ၊
သိပ္ပံသုတေတနတွေနဲ့
လက်တွေ့အသုံးချ
လေ့လာရှာဖွေတွေ့ရှိမှုတွေလိုတယ်။
Phyo Paing @ Derek