လူတွေက တစ်ယောက်တည်းနေတာနဲ့
အများကြားနေတာနဲ့တောင်ပုံစံမတူဘူး။
အိမ်မှာတစ်ယောက်တည်းနေရင်
ပြုမူတဲ့ပုံစံတစ်မျိုး။
အမျိုးတွေနဲ့ တွေ့ရင်တစ်မျိုး။
သူငယ်ချင်းတွေနဲ့တွေ့ရင်တစ်မျိုး။
မင်္ဂလာဆောင်သွားရင်တစ်မျိုး။
Club သွားရင်တစ်မျိုး။
လူတွေဟာ တစ်ယောက်ထဲနေတဲ့အချိန်နဲ့
Group အလိုက်နေတဲ့အချိန်ကွာတယ်။
ဒါကြောင့် Social psychology နဲ့
Social Neuroscience နဲ့မဘူဘူး။
Neurobiology မှာက ဦးနှောက်မှာရှိတဲ့
motor neuron တွေ၊ mirror neuron နဲ့
frontal, parietal, occipital, temporal lobe
ဘယ်လိုအလုပ်လုပ်သလဲ လေ့လာပြီး
Social Psychology က လူတွေက
ဘယ်လို အခြေအနေမျိုးမှာ ဘယ်လို
ပြုမူတယ်ဆိုတာ social lab ကြီးထဲမှာ
လေ့လာတာဖြစ်တယ်။
ကမ္ဘာကျော်စမ်းသပ်မှုကြီးဖြစ်တဲ့
Professor Zimbardo ဦဆောင်တဲ့
Stanford Prison Experiment မှာဆို
လူတွေဟာ အာဏာကို လိုက်နာမှု
obedience နဲ့
group ခွဲလိုက်တဲ့အချိန်ဖြစ်ပေါ်တဲ့
group psychology ကိုလေ့လာတယ်။
ကျွန်တော်တို့ marketer တွေက
လူတွေကို ခွဲခြမ်းစိတ်ဖြာပြီး
ကိုယ်လိုချင်တဲ့ မားကတ်တင်း ရည်ရွယ်ချက်
ရောက်အောင် မဟာဗျူဟာချရတယ်။
လူတိုင်းမှာ role ဆိုတဲ့အပိုင်းတွေရှိတယ်။
မိဘဆိုတဲ့ role မှာ သူနဲ့အတူပါလာတဲ့
ဝတ္ထရားဆိုတာတွေပါလာတယ်။
သူ့အပေါ် ပတ်ဝန်းကျင်က ထားတဲ့
မျှော်မှန်းချက်တွေပေါ့။
ပထမ ကမ္ဘာစစ်မှာ US ရေတပ်က
တပ်သားစုဆောင်းရေးမှာ ဝါဒဖြန့်တယ်။
Poster မှာ အမျိုးသားတိုင်း
နိုင်ငံကို ကာကွယ်ဖို့တာဝန်ရှိတယ်။
အမျိုးသားမှန်ရင် ရေတပ်ကို join ကြတယ်။
အမျိုးသမီးငယ်လေးက လှေပေါ်ကနေ
ကျွန်မသာ ယောကျာ်းဖြစ်လိုက်ချင်တော့တယ်ဆိုပြီး
poster တွေမှာ အမျိုးသားတွေ ရေတပ် join ဖို့
propaganda အကြီးအကျယ်လုပ်တယ်။
ဝါဒဖြန့်တယ်ဆိုတာ misinformation လုပ်ပြီး
လူအများကို ကိုယ်လိုချင်တဲ့ အပြုအမူဖြစ်အောင်
သွေးဆောင်ဖြားယောင်းတာဖြစ်တယ်။
နောက်တွေမှာ group တစ်ခုတည်းကို ဝင်ဖို့
သူ့ရဲ့ သတ်မှတ်ချက်တွေ၊ အပြုအမူတွေရှိတယ်။
ဒီအထာလေးတွေက မပြောပေမယ့်
သိရမည့်အရာလေးတွေ ဖြစ်ပြီး
ဒါတွေ မလုပ်ရင် ဒီ group ထဲက
ထွက်သွားရတာမျိုး။
ကမ္ဘာပေါ်မှာ အသက် ၄၀ ကျော်ဘဲကြီးတွေကို
ငါတို့က အသက်မကြီးသေးပါဘူး။
အရင်လို ငယ်တုန်း၊ မိုက်တုန်ပဲကွဆိုတဲ့
ခံစားချက်ကို ဖော်ပြဖို့ Harley Davidson
ဆိုင်ကယ်တွေနဲ့ group ကိုတွေ့လိမ့်မယ်။
BTS ကို ကြိုက်တဲ့ army ဒါဟာ
social psychology ရဲ့ ဥပမာတစ်ခုပဲ။
သင်တန်းသားအရေအတွက်ပြည့်သွားပါပြီတို့၊
အောင်မြင်တဲ့သူတွေနဲ့ ဓာတ်ပုံရိုက်
Social media တင်တာတို့၊
အခုမှ မဝယ်ရင် promotion မရတော့ဘူးတို့
ဝယ်သွားတဲ့ဘယ်သူတွေက ဘယ်လိုပြောကြတယ်တို့
ဒီကုန်ပစ္စည်းသုံးတဲ့ သူတွေက ဘယ်သူတွေ၊
သူတို့လို ဖြစ်ချင်ရင် ငါ့ပစ္စည်းဝယ်တို့ဆိုတာ
Social Psychology မှာ
influence နဲ့ persuasion ပိုင်းဖြစ်တယ်။
ဒီနေ့တော့ 10-minutes Psychology ကို
Insider Note အတွက် ဖတ်ရင်း
သူ့ theory နဲ့ လက်တွေ့နဲ့
ဆက်စပ်ပြီးတွေးမိတာလေးတချို့။
ကလောက အေးတော့ စာအများကြီး
ရိုက်ရင် လက်တွေက အေးလာလို့
ဒီမှာပဲ ရပ်ထားတော့မယ်။
Phyo Paing @ Derek