လုပ်ငန်းတစ်ခု ခုန်ပျံကျော်လွှားတိုးတက်ဖို့
တီထွင်ဆန်းသစ်မှု၊
ချဲ့ထွင်နိုင်စွမ်းနဲ့
Leverage ကံစွမ်း၊ ဥာဏ်စွမ်း၊ နည်းပညာစွမ်း
အသုံးချနိုင်ဖို့လိုတယ်။
ဒီလိုလုပ်ဖို့ အရေးအကြီးဆုံးထဲမှာ
နည်းပညာပါတယ်။
စာရင်းကို လက်နဲ့ပေါင်းနေတာနဲ့
ကွန်ပြူတာစာရင်းနဲ့ တွက်တာနဲ့၊
Receipt တွေဓာတ်ပုံရိုက်တာနဲ့
AI က အလိုအလျောက်တွက်သွားပေးနိုင်တဲ့ လုပ်ငန်း သူတို့ရဲ့ စွမ်းဆောင်ရည်တွေ မတူနိုင်တော့ဘူး။
လုပ်ငန်းတွေက နည်းပညာကို အသုံးပြုဖို့အတွက်
စာရွက်စာတမ်းတွေနဲ့ မှတ်နေတာကို
digital ဒီဂျစ်တယ်အနေနဲ့ ပြောင်းတယ်။
နောက်ပိုင်း လုပ်နေတဲ့ လုပ်ငန်းဆောင်တာအဆင့်တွေကို process တွေကို နည်းပညာနဲ့
လုပ်ဆောင်နိုင်တဲ့အဆင့်ပြန်သွားတယ်။
နောက်ဆုံးလုပ်ငန်းတစ်ခုလုံးကို
နည်းပညာအသုံးပြု
စလယ်ဆုံး plan ချတဲ့အချိန်ကစလို့
control ထိန်းချုပ်တဲ့အပိုင်းထိ
နည်းပညာသုံးလို့ရအောင်လုပ်တယ်။
digitization, digitalization နဲ့ digital transformation
လုပ်တဲ့ အဆင့်လို့ခေါ်တယ်။
ဒီလိုလုပ်ဆောင်တဲ့အခါမှာ
software တွေရဲ့ အကူအညီလိုတယ်။
ဒီနေ့ခေတ် လုပ်ငန်းရှင်တွေလုပ်နေကြပြီး
တချို့လဲအောင်မြင်တယ်၊တချို့လဲ မအောင်မြင်တဲ့ Enterprise Resource Planning (ERP) တို့၊
HR, Marketing, Accounting, Inventory Control, Logistics အကုန်လုံးကို နည်းပညာအသုံးပြု စီမံခန့်ခွဲလို့ရအောင်လုပ်တဲ့အခါ ကိုယ်တိုင်ဖန်တီးမလား၊ဝယ်မလား၊
ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ပုံစံ စျေးကွက်မှာမရှိတော့ တခြား software company တစ်ခုကို အပ်ရမလား၊ ဒါမှမဟုတ် ကိုယ့် team နဲ့ ကိုယ်ပဲ တည်ဆောက်မလား။ စဥ်းစားစရာအများကြီးဖြစ်လာပြီ။
ကိုယ်တိုင် နည်းပညာ team တစ်ခုတည်ဆောက်ပြီး သွားတဲ့အခါ Software development principles တွေမသိထားတဲ့အခါ၊ နောက်ဒီ project management လုပ်တဲ့စနစ်တွေ
စနစ်တကျ မလေ့လာထားပဲ
Programmer ခေါ်ပြီး ကိုယ်လိုချင်တာပြောလိုက်ရင် software ထွက်လာမယ်လို့ ထင်တဲ့အယူအဆတွေကြောင့်
ငွေကုန်၊ လူပန်း၊ လိုချင်တာမရဖြစ်တတ်ကြတယ်။
တချို့ကျတော့လဲ software ကို ဝယ်ပြီး
ကိုယ်တိုင်သုံးတဲ့အခါ process တွေ သေချာ ချထားတာမျိုးမရှိတဲ့အခါ
လိုရာခရီးမရောက်ဖြစ်တတ်ကြတယ်။
ဒီအတွက် ဖြေရှင်းကြတဲ့ပုံစံတွေကတော့
module တစ်ခုချင်းစီ ဖြေရှင်းတတ်ကြတယ်။
ဥပမာ accounting စနစ်ချတော့မယ်ဆို
consultant ခေါ်တယ်။
နောက် လုပ်ငန်းရဲ့ စာရင်းဇယား၊
ကုန်ပစ္စည်း inventory စာရင်းကောက်၊
workflow တွေ ပြန်ကြည့်၊
လုပ်ငန်းရဲ့ process တွေပြန်ကြည့်ပြီး
ကိုက်ညီတဲ့ software ရွေးချယ်
စနစ်ချပေးတဲ့ ပုံစံရှိတယ်။
ဒီမှာ consultant က လုပ်ငန်းအကြောင်းလေ့လာပြီး သူနဲ့ ကိုက်ညီတဲ့ software ရွေးချယ်ပြီး
တပ်ဆင်သင်ကြားလေ့ကျင့်ပေးတာမျိုး။
တချို့လုပ်ငန်းတွေကျတော့
စနစ်က တခြားလုပ်ငန်းတွေနဲ့ မတူသလို
စနစ်က လုပ်ငန်းရဲ့ အဓိကကျတဲ့အပိုင်းဖြစ်တယ်။
အပြင်လူတွေကိုလဲ မသိစေချင်ဘူး။
ကိုယ့်အနေနဲ့ စျေးကွက်မှာရှိတဲ့
ဥပမာ Odoo, Zoho creator မျိုးစုံနဲ့
code မလိုပဲ customized လုပ်တယ်
အဆင်မပြေဘူးဆိုတဲ့အခါ
ကုမ္ပဏီကို အပ်ပြီး ရေးခိုင်းတယ်။
NDA တွေချုပ်ဆိုမှုသေချာမလုပ်ထားတော့
ကိုယ့်ကို ရေးပေးတဲ့ company ကပဲ
ကိုယ့်လို လုပ်ငန်းတူတွေကို
ပြန်ရောင်းတယ်။
ကိုယ်နှစ်ပေါင်းများစွာ အချိန်တွေပေးခဲ့တဲ့အရာတွေကို တခြားသူတွေ အချိန်တိုအတွင်း
ရသွားသလိုခံစားရတာမျိုးတွေ
ဖြစ်တတ်တယ်။
တချို့ လုပ်ငန်းရှင်တွေကျတော့
ကိုယ့်လုပ်ငန်းအတွက်ဖန်တီးထားတဲ့
software တွေကို by-product တစ်ခုအနေနဲ့
စျေးကွက်ပြန်ဖောက် ပြန်ရောင်းချင်သူတွေရှိတယ်။ ဒါဆိုရင်တော့ software တစ်ခု
develop လုပ်တဲ့ principle တွေ
နည်းလမ်း approach တွေ လေ့လာထားရင်တော့
အဆင်ပြေနိုင်တယ်။
ကိုယ်တိုင်ဝင်လုပ်စရာမလိုပေမယ့်
ကိုယ့်ရဲ့ requirements ကိုသေချာသိအောင်
နည်းပညာသမားတွေအနေနဲ့
သေချာနားလည်အောင်
ကိုယ့်ဖက်က အိမ်စာပြန်လုပ်ရတယ်။
အရင်ခေတ်က စျေးကွက်
အပြောင်းအလဲ ဒီနေ့လောက်
မများတော့ requirement ပြောင်းတာနည်းတယ်။
ဒီနေ့ခေတ် စျေးကွက်ပြောင်းတာနဲ့အတူ
လုပ်ငန်းရဲ့ လိုအပ်ချက်က ပြောင်းနေတယ်။
ဒီတော့ ဒီပြောင်းသွားတဲ့ requirement ပေါ်မူတည်ပြီး လုပ်ဆောင်ရမည့် backlogs တွေ မတူတော့သလို software ရေးတဲ့အခါ
agile management ဆိုတာ ဖြစ်လာတယ်။
အရင်ခေတ် Taylor ခေတ်က management ပုံစံမရတော့ဘူး။
Waterfall ထက် agile ပြောင်းလာတယ်။
ဒါကတော့ အားလုံးသိထားတဲ့အချက်ပါ။
iteration တွေလုပ်ရတယ်။
Software မရေးခင် စဥ်းစားထားတဲ့ ပုံစံ၊
လုပ်နေစဥ်နဲ့ လုပ်ပြီးသွားတဲ့အခါ ပုံစံနဲ့တောင်
တူချင်မှ တူတော့မယ်။
ဒီနေရာမှာ software development
လုပ်ပေးတဲ့သူက အပ်ထားတဲ့ software ရပြီ
ဒီလို စဥ်းစားတဲ့ ခေတ်မဟုတ်တော့ဘူး။
client အတွက် value creation က
software မဟုတ်တော့ပဲ
ဒီ software ကိုအသုံးပြုပြီး
သူ့လုပ်ငန်း အပြောင်းအလဲဖြစ်ရေးဖြစ်တယ်။
ဒီတော့ software development life cycle က
business value creation ပေါ်မူတည်ပြီး
စမ်းသပ်ပြုပြင်မှု iteration ပေါင်းများစွာလုပ်ရတယ်။
ဒီလိုလုပ်တဲ့အခါ Technology, Product, System
ဒီသုံးခုကို ထည့်သွင်းစဥ်းစားရတယ်။
ဘယ် Storage, Computer မှာ
ဘာ tool တွေနဲ့ Software lifecycle management လုပ်မည့် tool တွေကTechnology ပိုင်း။
နောက်ကုန်ပစ္စည်းပိုင်းမှာဆို
General use case တွေပါမယ်။
ဒီထဲမှာမှ system မှာဆို
specific use case တွေပါမယ်။
နောက် compliance တွေပါမယ်။
Enterprise software ဖန်တီးရင်
Systems Integrations
Applications
DevOps and Security
Databases
Servers
Virtualization
Computing Hardware
ဒီအဆင့်တွေပါမယ်။
ကျွန်တော့်အနေနဲ့က
လုပ်ငန်းတွေအတွက် business consultant နဲ့
ကိုယ်လုပ်ချင်တဲ့ digital product ထဲမှာ
software လုပ်တဲ့အပိုင်းဆိုတော့
လုပ်ငန်းတွင်းအသုံးချမည့် လုပ်ငန်းရှင်တွေအမြင်၊
နည်းပညာသမားတွေအမြင်၊
စွမ်းဦးတီထွင်တွေ အမြင်
မျှတွေးပေးလို့ရပါတယ်။
အဓိက ကတော့
ကိုယ်သွားချင်တဲ့ လမ်းကြောင်းပေါ်မူတည်ပြီး
သွားရမည့် ပုံစံ၊
ရွေးချယ်မှုတွေ မတူကြဘူး။
ကိုယ်တိုင် product ထုတ်တဲ့သူတွေထဲမှာ
technical သမား၊ designer တွေဦးဆောင်တာနဲ့
စျေးကွက်ဖောက်တဲ့သူဦးဆောင်တာမတူကြဘူး။
လုပ်ငန်းတစ်ခုအောင်မြင်ချင်ရင်
hipster, hacker နဲ့ hustler သုံးယောက်လိုတယ်တဲ့။
hacker က တည်ဆောက်သူ builder – programmer hipster က ဒီဇိုင်းနာ designer
hustler ကတော့ မားကတ်တာပေါ့။
ဒီနေ့ Amarinder Sidhu ရေးတဲ့
Becoming a software company စာအုပ်မှာတော့ သူ့အတွေ့အကြုံ၊
နောက် Salesforces နဲ့ Amazon က
ပြိုင်ဖက်ဖြစ်တာတောင် Salesforce က
AWS သုံးနေတာ ဘာကြောင့်လဲဆိုတဲ့အကြောင်း
Software company တစ်ခုဖန်တီးတဲ့အခါ
လိုအပ်တဲ့ အကြောင်းထဲမှာ
creative management တို့၊
business agility, multiply values,
software as a medium of production
အကြောင်းတွေနဲ့ စိတ်ဝင်စားစရာ
ကောင်းအောင် ရေးထားတာ
ဖတ်ရင်း တွေးမိတာလေး ရေးမိပါတယ်။
Phyo Paing @ Derek