ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေကို
ခဏမေ့ထားလိုက်။
ဘဝမှာ ထိန်းချုပ်လို့ရတာ၊
မရတာခွဲခြားသိ။
ထိန်းချုပ်နိုင်တာကိုလုပ်။
ဒါက စတိုးဝတ်အတွေးအခေါ်ပဲ။
ဥာဏ်ပညာ၊ စောင့်စည်းထိန်းချုပ်မှု၊
ကျင့်ဝတ်၊ တရားမျှတမှုတွေကို
တန်ဖိုးထားတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၅၀ က
ဂရိရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့
အေသင်မှာ လူတစ်ယောက်ပေါ်ထွန်းလာတယ်။
Zeno လို့ခေါ်ပြီး Stoic Philosophy ကို
စတင်ပြီး သင်ကြားပေးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။
အတွေးအခေါ်ပညာ philosophy ရဲ့
အင်အားဟာ အင်မတန်ကြီးပါတယ်။
အေသင်မြို့ဆိုတာ ဒီနေ့ခေတ်ကျွန်တော်တို့
တန်ဖိုးထားတဲ့ ဒီမိုကရေစီစတင်ပေါ်ထွန်းရာ
နေရာဆိုလဲ မမှားပါဘူး။
ဒီ Stoic philosophy ကိုမိတ်ဆက်လာရာက
ဘုရင် (အင်ဘာယာ)ဖြစ်တဲ့ Marcus Aurelius ကစလို့
ကျေးကျွန်ဖြစ်တဲ့ Epictetus အပြင်
ဘုရင့်အကြံပေးဖြစ်တဲ့ Seneca အစရှိတဲ့
Stoic အတွေးအခေါ်ပညာရှင်တွေက
ဒီအတွေးအခေါ်ကို ဖန်တီးလာခဲ့တယ်။
ဝမ်းနည်းစရာကောင်းတာက
ဒီနေ့ခေတ်မှာ ကျန်ရှိတဲ့ Stoic philosophy ကို
ရေးထားတဲ့ စာတွေက နှစ်ရာခိုင်နှုန်း
အောက်မှာပဲ ရှိတော့တယ်။
ဒီမိုကရေစီရဲ့ အင်အားလိုပဲ
ဒီ Stoic Philosophy ရဲ့အင်အားက
ကြီးလွန်းလှတယ်။
Stress တွေများတဲ့ ပတ်ဝန်းကျင်မှာ
ရှင်သန်ကြီးထွားဖို့ ပြင်ဆင်ပေးတယ်။
ကိုယ့်ကိုကိုယ် ထိန်းကြောင်းနိုင်တဲ့
ဥာဏ်ပညာကို ပြုစုပျိုးထောင်ပေးတယ်။
ဒီနေ့ခေတ် နာမည်ကြီး CBT လို့ခေါ်တဲ့
Cognitive Behavior Therapy
စိတ်ပညာကုထုံးမှာ Stoicism ကလာတယ်။
ကမ္ဘာကျော် တက်ကျမ်းစာအုပ်အများစုဟာ
ဒီ Stoic Philosophy ကို မှီငြမ်းကြတယ်။
Stress ဖြစ်တဲ့ ဒီနေ့လို ပတ်ဝန်းကျင်မှာ
ရှင်သန်ဖို့ အကောင်းဆုံးထဲက တစ်ခုကတော့
Stoic အတွေးအခေါ်ပဲဖြစ်တယ်။
Phyo Paing @ Derek