စနစ်ဆိုတာ အဖြေပဲ။
စာဖတ်ရင်လဲ စနစ်လိုတယ်။
အစားစားရင်လဲ စနစ်လိုတယ်။
ဘဝရဲ့နေ့စဥ်ဖြတ်သန်းမှုအတွက်လဲ
စနစ်လိုတယ်။
နောက်ဆုံး training ပေးရင်တောင်
စနစ်လိုတယ်။
မဟုတ်ရင် ကမောက်ကမ
ဖြစ်ချင်သလို ဖြစ်နေမယ်။
ဒီစနစ်က ထိန်းချုပ်မှုတစ်ခုကိုပေးတယ်။
စနစ်ဆိုတာ ထပ်ခါထပ်ခါ လုပ်လို့ရတဲ့
ဖြစ်စဥ် တစ်ခုဖြစ်တယ်။
အရေးကြီးတကာ့ အရေးအကြီးဆုံးထဲမှာ
ဘဝနေထိုင်မှု စနစ်ဖြစ်တယ်။
ဒါကို System of Living လို့ခေါ်တယ်။
အတော်ဆုံး ကမ္ဘာ့ထိပ်တန်း
အားကစားသမားတွေမှာ
သူများနဲ့မတူတဲ့ လေ့ကျင့်မှုစနစ်၊
စားသောက်မှုစနစ်နဲ့
ဘဝနေထိုင်မှုစနစ်ရှိတယ်။
နောက်ဆုံး မားကတ်တင်းလုပ်ရင်တောင်
စနစ်လိုတယ်။
ဘဝကို ဖရိုဖရဲ မဖြစ်ဖို့
စနစ်လိုတယ်။
Phyo Paing @ Derek