Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Talent Management

လုပ်ငန်းတွေပြိုင်ကြတာမဟုတ်ပါဘူး။
လုပ်ငန်းကို ဦးဆောင်တဲ့ဝန်ထမ်းတွေရဲ့
အစွမ်းအစ ပြိုင်ကြတာပါ။

SME လုပ်ငန်းတွေမှာ လူတော်တွေကို attract
လုပ်ရတာနဲ့ ထိန်းထားရတာအခက်ဆုံးပဲ။
ဒီလို recruit, train and maintain လုပ်နိုင်ဖို့
earn + learn လုပ်နိုင်ကြဖို့လိုတယ်။
ငွေတစ်ခုတည်းနဲ့ လူတွေအလုပ်မလုပ်ကြပါဘူး။
အချိန်တစ်ခုရောက်တဲ့အခါ သူတို့ကိုယ်သူတို့
အစွမ်းအစတွေ express လုပ်ချင်လာမယ်။
ဒီအတွက် learning environment ရှိနေရမယ်။

HR philosophy အများစုကို အရင်လုပ်ခဲ့တဲ့
ကမ္ဘာ့အလုပ်လုပ်လို့အကောင်းဆုံး company က
အများကြီးလေ့လာလို့ရခဲ့တယ်။
သူတို့ရဲ့ CHRIS လို့ခေါ်တဲ့ Common Human Resource
Information System ကိုအသုံးပြုပြီး
KPI, Target, SOP, Team Building လုပ်တဲ့ပုံစံနဲ့
Agreed Goal နဲ့ PIP (Performance Improvement Plan)
ချတဲ့ပုံစံတွေဟာ တကယ့်စာအုပ်ထဲကပုံစံတွေအတိုင်း
မျက်ဝါးထင်တင်မြင်ခဲ့ရတယ်။
ပုံမှန်တစ်နှစ်လောက်ပဲ ပညာယူဖို့လုပ်ခဲ့တာ
တစ်နှစ်နဲ့ သုံးလလောက်ကြာခဲ့တယ်။
ခုအချိန်ထိ အဲ့ company ကိုချစ်တုန်းပဲ။
ဒါက သူလုပ်ခဲ့တဲ့ Policies, Procedures,
Process and PIP တွေကြောင့်ပဲဖြစ်တယ်။

လူနည်းပြီး Knowledge workers တွေနဲ့
အလုပ်လုပ်ရတဲ့အခါ အစွမ်းအစတွေကို
အဆင့်လေးဆင့်ပိုင်းလိုက်တယ်။
အလုပ်စမဝင်ခင် Previous performance
လက်ရှိမှာရှိတဲ့ Current performance
အကောင်းဆုံးရှိသင့်တဲ့ Optimal performance
မထင်ထားလောက်အောင်ဖြစ်နိုင်တဲ့
Extraordinary performance
ဒီပေါ်မှာမူတည်ပြီး Position, Result,
Standard, Tasks တွေ ဖန်တီးပေးတယ်။

ဝန်ထမ်းတိုင်းအတွက် မရှိမဖြစ်က PARR ပေါ့။
Planning, Accountability & Responsibility နဲ့
Reporting ပါ။ ဒါမှ decision-making
ကောင်းကောင်းလုပ်လို့ရမှာဖြစ်ပါတယ်။
Business Owner အနေနဲ့စဥ်းစားရမှာ
ကိုယ့်ရဲ့ Business Goal ကိုရောက်ဖို့အတွက်
Talent တစ်ခုချင်းကို ဘယ်နေရာအတွက်လဲ
ကြိုတင်စဥ်းစားထားရပါတယ်။

အနောက်တိုင်း၊ တရုတ်နဲ့ မြန်မာ talent management
လုပ်တဲ့ပုံစံအရမ်းကွာပါတယ်။
အနောက်ပိုင်းက စနစ်အတိုင်းသွားတယ်။
လူတိုင်းလဲဒါကို လက်ခံတယ်။
တရုတ်က entrepreneurial spirit များတဲ့အခါ
အလုပ်ခန့်တဲ့အခါ နောက်သုံးနှစ်မှာဘာလုပ်ချင်လဲမေးတယ်။
ကိုယ်တိုင် ကုမ္ပဏီစချင်တယ်ဆိုရင်
Ok ငါ့ကုမ္ပဏီရဲ့ business goal ကို ဒီသုံးနှစ်အတွင်း
ဒါတွေကူညီပေး ဒီသုံးနှစ်အတွင်းမှာ
ကုမ္ပဏီက ဒါပြန်ကူညီပေးမယ်။
ဒါဆို ကိုယ့် company goal လဲရောက်သလို
ဝန်ထမ်းအတွက် goal ကိုလဲ contribute လုပ်ပေးပြီးဖြစ်တယ်။
ကျွန်တော်တို့ မြန်မာမှာတောင်မှ ရန်ကုန်နဲ့ နယ်နဲ့ကွာသေးတယ်။
နယ်မှာက နားလည်မှု၊ စာနာမှုနဲ့ မိသားစုပုံစံက
ပိုစည်းလုံးစေတယ်။ (SME context ပါ။)

လုပ်ငန်းတွေပြိုင်ကြတာမဟုတ်ပါဘူး။
လုပ်ငန်းကို ဦးဆောင်တဲ့ဝန်ထမ်းတွေရဲ့
အစွမ်းအစ ပြိုင်ကြတာပါ။

Management ဆိုတာ System နဲ့ People အသုံးပြုပြီး
ရည်မှန်းချက်ပန်းတိုင်ရောက်အောင်သွားတာဖြစ်တဲ့အတွက်
Hard Power ဖြစ်တဲ့ System အရေးကြီးသလို
Soft Power ဖြစ်တဲ့ People ကလဲ အရေးကြီးပါတယ်။

Phyo Paing @ Derek

Share Your Idea!​