သေးသေးလေးတွေက လူတွေကို
မသိမသာ ပျက်စီးနေစေတယ်။
လူတွေရဲ့ အသုံးစရိတ်က
ဝင်ငွေနဲ့ အတူတက်နေတယ်။
ငါအမြဲ ဒီလို ငွေဝင်နေအုံးမှာပဲဆိုတဲ့
စိတ်နဲ့ ရလေ၊ သုံးလေ လုပ်တတ်ကြတယ်။
အသုံးကြမ်းတာက အကျင့်တစ်ခုလိုဖြစ်လာတတ်တယ်။
နောက်ပြီး တစ်လကို ဘယ်လောက်ပဲသုံးမယ်ဆိုပြီး
Budgeting လုပ်တဲ့ စနစ်တွေကလဲ
ထိရောက်သင့်သလောက် မထိရောက်တာမျိုး
ခဏခဏ ကြုံဖူးလိမ့်မယ်။
မထင်ထားတဲ့ အသုံးစရိတ်တွေက
ပေါ်ပေါ်လာတတ်တယ်။
တခါတလေ ကိုယ်လိုချင်တဲ့
ကိုယ်ပိုင်ဆိုင်ချင်တဲ့အရာတွေကိုရဖို့
အတားအဆီးက ကိုယ့်အတွက်
အရေးမကြီးပဲ ခဏခဏ မလိုပဲ
သုံးနေမိတာမျိုးတွေ ဖြစ်တတ်တယ်။
ဒါကိုတော့ The Latte Factor မှာ
ချမ်းချမ်းသာသာနေရဖို့ ချမ်းသာစရာမလိုဘူးဆိုပြီး
Book by David Bach and John David Mann က
ရေးထားတယ်။
Zoey ဆိုတဲ့ အမျိုးသမီးက
Henry ဆိုတဲ့ ပုဂ္ဂိုလ်ကို မေးတဲ့
story-telling ပုံစံရေးထားတယ်။
Starbucks ကို IPO စလုပ်ကတည်းက
ဝယ်ထားရင် share တစ်ခု $1000
အခု half a million (500K) ငါးသိန်းဖြစ်သွားပြီ။
လူတွေက consumer စားသုံးသူလိုပဲစဥ်းစားကြတယ်။
လူတိုင်းက ပိုက်ဆံတွေသုံးနေကြတာပဲ။
ဒီအသုံးကနေ ဝင်ငွေပြန်ဖြစ်ပြီး
wealth-building လုပ်ဖို့
စဥ်းစားဖို့လိုတယ်လို့ဆိုတယ်။
Investor ရင်းနှီးမြုပ်နှံသူတွေစဥ်းစားတာရှင်းတယ်။
ပုံမှန် Warren Buffett ဝါရင်းဘူဖက်လို
ဘီယီလံနာက နည်းပညာကုမ္ပဏီတွေမှာ
ရင်းနှီးမြုပ်နှံမှု လုပ်လေ့မရှိဘူး။
ထူးထူးခြားခြား Apple Inc မှာ ရင်းနှီးမြုပ်နှံတော့
ဘာကြောင့်လဲမေးတဲ့အခါ
မင်းကိုကွာ $10000 ပေးမယ်။
iPhone တစ်သက်လုံးမသုံးနဲ့။
Upgrade မလုပ်နဲ့ဆို သုံးနေပြီးသားသူက
နေနိုင်မှာ မဟုတ်ဘူးတဲ့။
သူတို့က consumer စားသုံးသူတွေရဲ့
အမူအကျင့်ကို လေ့လာပြီး ရင်းနှီးမြုပ်နှံကြတယ်။
စာအုပ်မှာပေးထားတဲ့ အကြံဥာဏ်ကရှင်းရှင်းလေး။
ကိုယ်အရမ်းလိုချင်တဲ့အရာရှိရင်
ဒီအရာက နေ့စဥ်သောက်နေတဲ့
ကော်ဖီထက်အရေးကြီးရင်၊
နေ့စဥ်မလိုအပ်ပဲ ခဏခဏမှာနေတဲ့
ရေသန့်ဗူးတွေထက် အရေးကြီးရင်
အဲ့ဒီ အော်တို မလိုပဲသုံးနေတဲ့
အမူအကျင့်တွေကို ဆန်းစစ်ပြီး
ပြုပြင်ကြည့်ပါတဲ့။
ကျွန်တော်ကတော့ ပိုရှာ၊ ပိုသုံး
အတွေးအခေါ်ကို လက်ကိုင်ထားပြီး
အသုံးကြမ်းခဲ့တဲ့သုတစ်ယောက်ဆိုတော့
ဒီစာအုပ်က ကိုယ်နဲ့ဆန့်ကျင်ဖက်အတွေး
စဥ်းစားစရာတစ်ခုပေးတယ်။
နောက် Pay yourself first တဲ့။
ကိုယ့်ကိုကိုယ် အရင်ပေးပြီးမှ ကျန်တာသုံးတဲ့။
ဒီစနစ်ကို အရင်နှစ်က စမ်းသပ်ဖူးတယ်။
တော်တော်လေး ထိရောက်တာတွေ့ရတယ်။
ငွေစုမိလာလေ၊ ပျော်လာလေ။
ငွေပိုဝင်တာမျိုးဖြစ်တတ်လေလေ။
တစ်ခုခုဆို ချို့တဲ့တယ်ဆိုတဲ့ limit လုပ်ထားတဲ့
အတွေးကို နည်းစေလေလေပဲ။
ငွေဟာ energy တစ်ခုပဲ။
ဒါကြောင့် Dana Daily ဆိုတဲ့
page ရဲ့ tagline ကို
Money is an energy လို့ ပေးထားတယ်။
ဒါရှေးတရုတ်တွေရဲ့ အယူအဆတစ်ခုပဲ။
ဒီ လို Pay yourself first ကိုယ့်ကိုကိုယ်အရင်ပေး။
နောက် အမူအကျင့်တွေကို automatic ဖြစ်အောင်လုပ်။
ပြီးရင် အယူအဆအမှားတွေကိုရှောင်တဲ့။
အယူအဆအမှားသုံးခုက
ပိုက်ဆံပိုရှာ ဒါဆိုချမ်းသာလိမ့်မယ်။
Make more money and you’ll be rich.
ပိုက်ဆံရှာဖို့ ပိုက်ဆံလိုတယ်။
It takes money to make money.
ကိုယ်ဒုက္ခရောက်ရင် ကူညီတဲ့သူပေါ်လာလိမ့်မယ်။
Someone else will take care of you.
The Latte factor ကတော့
အသုံးကြမ်းတဲ့သူတွေ ငွေကိုစီမံခန့်ခွဲတဲ့နေရာမှာ
အကြံပြုထားတဲ့ ပေါ့ပေါ့ပါးပါးဖတ်လို့ရတဲ့
personal finance စာအုပ်တစ်အုပ်ပေါ့။
ထပ်ဖတ်ချင်သေးရင် Ramit Sethi ရဲ့
I will teach you how to be rich ဆိုတဲ့စာအုပ်။
အကြွေးတွေတင်နေလို့ စိတ်ညစ်နေရင်
Dave Ramsey ရဲ့
The Total Money Makeover တို့
Morgan Housel ရဲ့
ငွေကြေးစိတ်ပညာ
The Psychology of Money တို့ကို
ဖတ်ကြည့်ကြည့်ပါ အားတီ၊ အားမေတို့။
Phyo Paing @ Derek