ဘာအလုပ် လုပ်လုပ်
ဥာဏ်နည်းရင်တော့
အမြဲခံ နေရမှာပဲ။
ဥာဏ်ပိုနည်းလေ ပိုခံရလေပဲ။
ကိုယ်လဲ ခဏခဏ ခံခဲ့ရတော့
ပြန်လေ့လာကြည့်တဲ့အခါ
ဒီတစ်ခုကို သွားတွေ့တယ်။
ဒါကတော့ “အချိန်”။
စီးပွားရေးမှာ “ဘယ်အချိန်ဝင်” မယ်၊
“ဘယ်အချိန်ထွက်” မလဲဆိုတာ
အရေးကြီးတယ်။
ဘယ်အချိန် “ချဲ့” မယ်၊
ဘယ်အချိန် “ချုံ့” မယ်
အရေးကြီးတယ်။
Taxi မောင်းတဲ့သူက
တစ်နေ့လုံးပတ်မောင်းနေလို့ရတယ်။
ဘယ်အချိန်လေးကို တစ်ဝေ့လေးဝေ့လိုက်ရင်
ခရီးသည်ရမလဲ တွက်ချက်လို့ရတယ်။
စာမေးပွဲမှာလဲ အလားတူပဲ။
အမှတ်ကောင်းဖို့ စာအရမ်းဖိကျက်တာနဲ့
ဘယ်အချိန်မှာ၊ ဘာကို
ဘယ်လောက်အားစိုက်ရမယ် သိတာနဲ့ကွာတယ်။
တချို့က စျေးကွက်ထက်စောနေတယ်။
စျေးကွက်လာတဲ့အချိန် ထွက်သွားပြီ။
တချို့က နောက်ကျမှ ရောက်လာတယ်။
လူတွေကို အောင်မြင်မှု
ကျဆုံးမှုကို ဆုံးဖြတ်ပေးတဲ့
အရေးကြီးတဲ့ အရာတစ်ခုက
အဝင်၊ အထွက် အချိန် “Timing” တဲ့။
Phyo Paing @ Derek