Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

“Trend မှီပြီးရင်
Brand တည်ပါ။” လို့အကြံပြုချင်ပါတယ်။

လုပ်ငန်းစတင်တဲ့အခါ
စျေးကွက်တိုးတက်မှုနဲ့ကြုံတဲ့အခါ
တိုးတက်မှုမြန်နှုန်းမြင့်မယ်။
ဒါကို Xiaomi ရဲ့ CEO လေဂျင်းက
လေလာရင်
ဝက်တောင်ပျံနိုင်တယ်။
风来了猪多会飞 လို့ဆိုခဲ့တယ်။

ဒါပေမယ့် အချိန်တစ်ခု
ပြန်ရောက်လာတဲ့အခါ
မြန်နှုန်းမြင့်တာ နှေးလာမယ်။
စျေးကွက်တည်ငြိမ်လာမယ်။
ဒါကို Jack Ma က
风过去了,摔死的都是猪
လေမုန်တိုင်ပြီးသွားတဲ့အခါ
ကျသေတာလဲ ဝက်တွေပဲများတယ်တဲ့။

ဒါကြောင့် လုပ်ငန်းစတဲ့အခါ
စျေးကွက်အခြေအနေကြည့်ပြီး
Trend မှီဖို့လိုသလို၊
စျေးကွက်လေမုန်တိုင်းပြီးသွားတဲ့အခါ
ဝက်ကျ မကျဖို့ Brand တည်ဖို့လိုတယ်။

ဒါကြောင့် Akyanpay အနေနဲ့
အမျိုးတွေကို
“Trend မှီပြီးရင်
Brand တည်ပါ။” လို့အကြံပြုချင်ပါတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​