လူတစ်ယောက်က သင့်ကို
တစ်လ 10000 MMK ပေးတဲ့
Subscription service သုံးနေရင်
အယောက် 1000 ရှိရင်
တစ်လ သိန်း ၁၀၀ revenue ရနေပြီ။
ဒါကို Automatic customer တဲ့။
အမှန်တော့
သင့်မှာ ဖောက်သည်အများကြီးမလိုဘူး။
1000 True fans ပဲလိုတယ်။
True fans ဟာ value တူ၊ belief တူ၊
Inspiration တူတဲ့ tribe တစ်ခုဖြစ်ရမယ်။
(Don’t make average stuffs for average people.)
=========
Scale
လုပ်ငန်းတစ်ခုကို scale လုပ်ဖို့
ကုန်ကျစရိတ်အနည်းဆုံးနဲ့
အထိရောက်ဆုံးက နည်းပညာပဲ။
ဒါပေမယ့် မြန်မာပြည်မှာ
အောင်မြင်တဲ့ နည်းပညာတစ်ခုကို
regional မှာ scale လုပ်ဖို့မလွယ်ဘူး။
အကြောင်းက ဒီပြဿနာတွေကို
တခြားနိုင်ငံတွေမှာ solve လုပ်ထားပြီးလို့ပဲ။
ဒါကြောင့် Total Addressable Market (TAM)
မကြီးရင်တောင် သူ့အလိုလိုလည်ပတ်နေတဲ့
Operating expense နည်းတဲ့
နည်းပညာအခြေပြု digital products
တွေကို ဖန်တီးဖို့လိုလာတယ်။
=============================
Training as part of business strategy
ကျွန်တော် training ကို career အနေနဲ့
ရွေးဖြစ်တဲ့ အကြောင်းက
၁။ Leverage ကြောင့်ပါ။
လူအယောက် ၁၀၀ ကို တခါတည်း
စာသင်တဲ့အခါ ကျွန်တော့်အချိန်တွေကို
ချံု့လို့ရလာတယ်။
၂။ Customer Acquisition Cost (CAC)
ပုံမှန် product တစ်ခုရောင်းဖို့
ဖောက်သည်တစ်ယောက်ရဖို့ ကုန်ကျစရိတ်
ဆိုတာရှိတယ်။
Training လုပ်ခြင်းအားဖြင့်
CAC မရှိတော့တဲ့အပြင်
negative ပါဖြစ်လာတယ်။
၃။ Expert Power
အချိန်တစ်ခုရောက်တဲ့အခါ ကျွမ်းကျင်မှုနဲ့
recognition တစ်ခုရလာတဲ့အခါ
personal brand equity တက်လာမယ်။
ဒီကတဆင့် Halo effect နဲ့
တခြား projects တွေကို ထင်ဟတ်စေမယ်။
ကျွန်တော်ယုံကြည်ထားတာ
ဒီနေ့လို Market turmoil
ဖြစ်နေတဲ့အချိန်မှာ ပညာရှင်တွေ
ပညာတတ်တွေ လုပ်သင့်တဲ့အလုပ်နဲ့
business model ကတော့
knowledge-based business model
လို့မြင်တယ်။
၁။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကိုရှာဖွေ
၂။ စျေးကွက်ရဲ့လိုအပ်ချက်ကိုရှာဖွေ
၃။ content တွေကို Social media သုံး distribute လုပ်။
၄။ product or service bundle နဲ့ဖြည့်ဆည်းပေး
၅။ ဖောက်သည်နဲ့ relationship တည်ဆောက်
၆။ ဖောက်သည်အတွက် ပစ္စည်းအသစ်ထုတ်။
(ပစ္စည်းအတွက် ဖောက်သည်မရှာပဲ၊
ဖောက်သည်အတွက် ပစ္စည်းရှာပါတဲ့။)
Phyo Paing @ Derek