Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Website လုပ်လိုက်တာနဲ့
လူတွေ လာဝယ်မယ်ထင်တတ်ကြတယ်။

Website ပေါ်မှာ ဒီအတိုင်းလာဝယ်ဖို့က
consumer buying behavior ကိုကြည့်ရတယ်။
စိန်ရွှေရတနာ၊ IT ပစ္စည်း၊ lifestyle product
မတူနိုင်ဘူး။

အရင် ၂၀၁၆၊ ၂၀၁၇ လောက်က
ဖုန်းခေါ်ရင် သိပ်ကိစ္စမရှိပေမယ့်
ဆိုင်တစ်ဆိုင်သွားလို့ ဖုန်းနံပတ်ပေးခဲ့မိပြီး
ဖုန်းပြန်ဆက် follow-up လုပ်တဲ့အခါ
တော်တော် annoy ဖြစ်တယ်။

တစ်ခုခုမေးလိုက်လို့ ဖုန်းဆက်ပြန်ရှင်းပြမယ်ဆိုလဲ
တော်တော် လေးအဆင်မပြေဘူး။
အိမ်ခြံမြေလို ကိစ္စတို့၊ ကားတို့လို
စျေးကြီးတဲ့ ကုန်ပစ္စည်းတွေဆို ကိစ္စမရှိပေမယ့်
သေးသေးတောတော ဝယ်ယူမှုအတွက်က
အကုန်လုံး messenger လောက်မှပြီးချင်ကြတယ်။

Website တစ်ခုရှိရုံနဲ့လဲ လူတွေမလာဘူး။
ဒီ website ကို launch လုပ်တာ၊
post-launch နဲ့ လိုအပ်ရင်
ပြန်လည်ပြင်ဆင်ရတာတွေ
လုပ်ရတာမျိုးရှိတယ်။

ဘယ်ခလုပ်ကိုတော့ လူတွေအနှိပ်များတယ်။
ဒါကိုသိဖို့ ဥပမာ hotjar လိုမျိုး tool နဲ့ကြည့်
ပြန်သုံးသပ်ရသလို၊
ဘယ် page ကို visit လုပ်တာများတယ်၊
ဘယ်လို device တွေနဲ့ဘယ်အချိန်မှာ
ဝယ်တာများလဲ checkout လုပ်တာ၊
add to the cart လုပ်တဲ့နှုန်း
bounce rate ဘယ်လောက်ရှိတယ်
ဒါတွေကြည့်ရသလို အရေးအကြီးဆုံးက
customer တွေ ဝယ်တတ်အောင် train တာပဲ။

Phyo Paing @ Derek

Share Your Idea!​