Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Working in ကနေ Working on the business ဖြစ်အောင်

1. ဦးဆောင်သူမှာ Personality Type လေးမျိုးရှိဖို့လိုတယ်။

-Dreamer
-Thinker
-Storyteller
-Leader

အောင်မြင်နေတဲ့ ဘယ် company ရဲ့ CEO တိုင်းကို လေ့လာကြည့်ရင် ဒီ personality လေးခုကိုတွေ့လိမ့်မယ်။ ဒီထဲက တစ်ခု လိုနေရင်လည်း အောင်မြင်ဖို့ခက်တာ အမေရိကားစေျးကွက်ကို မိုက်ရူးရဲစွာစျေးကွက်ဖောက်ပြီး ဒုက္ခရောက်သွားတဲ့ တရုတ် billionaire Jia Yueting ကိုတွေ့ရမှာဖြစ်တယ်။

2. Technician – Manager – Entrepreneur

လုပ်ငန်းစတင်တဲ့ သူအများစုဟာ ဥပမာ self-employed တွေဖြစ်တဲ့ ဆရာဝန်၊ trainers အစရှိတဲ့သူတွေဟာ technician အလုပ်ကနေစပါတယ်။ company မှာ အလုပ်မလုပ်ချင်တော့တဲ့အတွက် ကိုယ်တိုင်လွတ်လပ်မှုရအောင် တစ်နိုင်တစ်ပိုင်လုပ်ငန်းတည်ထောင်တယ်။ နောက်ဆုံး technician အလုပ်မှာတင်အချိန်ပေးရပြီး၊ Manager လို organize မလုပ်နိုင်တဲ့အပြင်၊ Entrepreneur လို အနာဂတ်ကို တွေးနိုင်ဖို့နည်းလာတယ်။

ဥပမာ ကျွန်တော့်အမြင်အရ Apple CEO Tim Cook ကို Manager လို့ဘဲမြင်တယ်။ Dreamer မဟုတ်ဘူး။ Entrepreneur မဟုတ်ဘူး။ 2011 Feb Steve Jobs ဆုံးပြီးတည်းက Face ID ကလွဲလို့တခြား innovation အကြီးထူးထူးခြားခြားမဖြစ်လာဘူး။ 2015 MIT ကပေးတဲ့ Smart Company List မှာ အဆင့် 16 နဲ့ တရုတ် company သုံးခုအောက်ရောက်ခဲ့တယ်။ Dotcom ခေတ်မှာ ကြီးလာတဲ့ company များဟာ Founder CEO မရှိရင် အများစု ရုန်းကန်ကြရပါတယ်။ ဥပမာ Yahoo

3. စီးပွားရေးလုပ်ငန်းထဲမှာ စီးပွားရေးလုပ်ငန်း ၇ ခုရှိတယ်။

အမြင် Branding
ခံစားမှု Delivery
ငွေရေးကြေးရေး Finance
အစီအစဉ်ကျမှု Management
စေျးကွက်ရှာဖွေမှု Marketing
အရောင်း Sales
ခေါင်းဆောင်မှု Leadership

ဒီ ခုနှစ်ခုဟာ သူ့ကိုယ်တိုင် ကိုယ်မရှိဘဲ လည်ပတ်ဖို့ စီးပွားရေးလုပ်ငန်းသေးလေးတစ်ခုစီအနေနဲ့မြင်ဖို့လိုအပ်ပါတယ်။

4. Dream, Vision, Purpose, Mission

What is your dream? What is it?
What is your Vision? What is it?
What is your purpose? What is it?
What is your mission? What is it?
ဒီလေးခုမဖြေဘဲ စီးပွားရေးလုပ်ငန်းမစသင့်ပါဘူးတဲ့။

5. Passion Statement = Core Value

ပိုင်ရှင်ရဲ့ တန်ဖိုးထားမှုတွေ၊ အားသာချက် တွေဟာ Company ရဲ့ core value ဖြစ်လာတယ်။
ဥပမာ IBM ရဲ့ founder Thomas J. Watson ဟာ Company မစခင်တည်းက questions သုံးခုမေးပါတယ်။

-Company တည်ဆောက်ပြီးရင် ဘယ်လို ပုံဖြစ်လိမ့်မလည်း? Vision

-Company ထဲကလူတွေဘယ်လို ပုံစံဖြစ်နေမလည်း?

-Company ကလူတွေဟာ ဘယ်လို တန်ဖိုးထားမှုတွေနဲ့ ရည်ရွယ်ချက်ပန်းတိုင်ကိုသွားနေကျမလည်း?


6. Job – Practice – Business

ကိုယ်က မုန့်ဟင်းခါးချက်ပြီးရောင်းရင် ကိုယ်မရှိဘဲ ချက်လို့ရအောင် SOP (Standard, Operating, Procedure) နဲ့ Practice ဖြစ်အောင်လုပ်၊နောက်ဆုံး System 7 လုံးကို ခိုင်အောင်လုပ်ရင် သူတပါး copy ကူးရခက်ပါမယ်။

Michael Gerber ရဲ့ emyth revisited ထဲက ကောက်နုတ်ချက်များကို မှီငြမ်းထားပါတယ်။

Phyo Paing @ Derek

Share Your Idea!​