ယောကျာ်းတစ်ယောက်မှာ
Yes လို့ပြောတဲ့အရာနဲ့
No လို့ပြောတဲ့အရာတွေ
သေချာရှိဖို့လိုတယ်။
Yes လို့ပြောတဲ့အရာတွေမှာ
နေ့စဥ် မပျက်မကွက်၊
မဖြစ်ဖြစ်အောင်လုပ်မည့်
အရာတွေ ပါတယ်။
ကိုယ်ထမင်းစားတဲ့အလုပ်အတွက်
နေ့စဥ် လေ့ကျင့်နေတာ၊
စာဖတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊
အနာဂတ်အတွက် plan ချတာတွေပါမယ်။
No လို့ပြောရမည့်အရာတွေထဲမှာ
အနာဂတ်အလင်းရောင်ကို
တဒင်္ဂသာယာမှုနဲ့ မစတေးမိဖို့။
ကိုယ့်ကို ရေရှည်မှာ ဒုက္ခပေးမည့်
အရာတွေကို ရှောင်ဖို့။
စွဲလမ်းစေတတ်တဲ့ အရာတွေကို
no လို့ပြောဖို့။
စိတ်နဲ့ ခန္ဓာကို ယိုယွင်းစေမည့်အရာတွေကို
ရှောင်ဖို့ လိုတယ်။
အလုပ်မဖြစ်တာက ကိုယ့်ဘဝအနာဂတ်ကို
အလစ်မဖြုတ်သွားအောင်
အလုပ်မဖြစ်တာတွေကို စွန့်ပစ်ရဲဖို့လိုတယ်။
ကိုယ့်ဘဝရဲ့ “Yes” နဲ့ “No” list ကို
သေချာသိဖို့လိုတယ်။
Phyo Paing @ Derek