Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

“ငါဘယ်သူ”ဆိုတဲ့ အတ္တကြီးကို
ပြောင်းလဲဖို့ လိုလာတယ်

ငါ ဘယ်သူလဲဆိုတဲ့အရာက
သင့်ကို ကန့်သတ်ထားတာပဲ။
လူတွေက စူပါမင်းအင်္ကျီဝတ်လိုက်တဲ့အခါ
ဒါမှမဟုတ် မျက်နှာဖုံးတပ်လိုက်တဲ့အခါ
ဒါမှမဟုတ် online မှာ နာမည်အတုနဲ့ဖြစ်တဲ့အခါ
သာမာန်နဲ့မတူတော့တဲ့ ကိုယ်ရည်ကိုယ်သွေး
အပြုအမူတွေ ထွက်လာတယ်။

လူတစ်ယောက်က online မှာပြုမူတဲ့ပုံနဲ့
အပြင်နဲ့ ကွာနေတာကို စိတ်ပညာမှာ
online disinhibition effect လို့ခေါ်တယ်။
အင်တာနက်မှာက ကိုယ်ပြောချင်တာကို
အတားအဆီးမရှိ ဖော်ပြလို့ရတဲ့အတွက်
အပြင်မှာပြောတာနဲ့ ကွာနေတာမျိုးပေါ့။

ဒါကို အသုံးပြုပြီး The Alter Ego ဆိုတာ
ဖန်တီးလို့ရတယ်။
ဥပမာ ကိုယ်က ဟာသတွေဖန်တီးချင်တယ်။
ဒါပေမယ့် ကိုယ့်ရဲ့ခေါင်းထဲကအသံက
သာကောရေ မင်းဒီလို လျှောက်မလုပ်နဲ့။
ဒါက မင်းပုံစံမဟုတ်ဘူးကွ။
မင်းက စာသင်၊ အကြံပေး၊
စောက်ဆရာကြီးလုပ်နေတာဟ။
ဟင်… ဟုတ်သားပဲ။
အဲ့လို ဖြစ်သွားတတ်တယ်။

Gym တွေဘာတွေသွားတော့လဲ၊
သားကြီးရင် မင်းဘယ်လောက်လုပ်လုပ်
ကျမှာလဲ မဟုတ်ဘူး။
အလွန်ဆုံးခံ တစ်ပတ်ပေါ့။
ဟင်််…….
Gym သွားပင်ပန်း၊ ပိုစား၊ ပိုအိပ်၊
ပိုဝ နဲ့ သံသရာက လည်နေပြန်ရော။
ဒါနဲ့ ရပ်သွားရော။

ဒီတော့ “ငါဘယ်သူ”ဆိုတဲ့ အတ္တကြီးကို
ပြောင်းလဲဖို့ လိုလာတယ်။
The Alter Ego ဆိုတာက mask တစ်ခုတပ်တာ။
ငါဘယ်သူဆိုတဲ့ ဘောင်ကိုရိုက်ချိုးတာ။

ငါကစာသင်တဲ့သင်တန်းဆရာ၊
ငါက ဘယ်လို လူ၊
ဘာညာသာရကာ အစား၊
The Alter Ego ကို ငါက
Experiment တွေလုပ်တဲ့
သိပ္ပံပညာရှင် Scientist အယ်လယ်
အဲ့လို ကိုယ့်ကိုကိုယ် ဂျင်းထည့်လိုက်တယ်။

ဒါနဲ့ “ငါဘယ်သူ” ဆိုတဲ့ ဘောင်ကိုကျော်ပြီး
လုပ်ချင်တာတွေ လျှောက်လုပ်ဖြစ်တော့တာပဲ။

ငါဘယ်သူဆိုတဲ့ အတ္တကို
မကျော်လွှားနိုင်သမျှ
တိုင်ပတ်နေကျအရာတွေနဲ့
ဘောင်ထဲမှာ နေနေရအုံးမှာပဲ။
ဒါကြောင့် “အားတီ၊ အားမေရေ
နင်ကတော့ ဒီလိုလူမျိုးမဟုတ်ဘူးနော်”
အဲ့လို အသံကြားရင် အဲ့ဒီ
inner voice ကို ပြန်ဆန်းစစ်ကြည့်။

ကိုယ်လိုချင်တဲ့ ရလဒ်ရဖို့
ကိုယ်ဘယ်လို လူဖြစ်ရမလဲ
အဲ့ဒီလူ ဖြစ်အောင် design လုပ်ဖို့
The Alter Ego ဆိုတာကို စမ်းကြည့်။

Phyo Paing @ Derek

Share Your Idea!​