လူအများစုက ရည်မှန်းချက်
ပန်းတိုင်တွေကို ပဲအာရုံစိုက်ကြတယ်။
ဒါကို goal-oriented mindset လို့ခေါ်တယ်။
ဒီအစား နေ့စဥ် တစ်နေ့တစ်လှမ်
ဖြေးဖြေးချင်း တိုးတက်သွားတဲ့
စနစ်ကို အာရုံစိုက်တဲ့ စဥ်းစားပုံနဲ့
အစားထိုးခြင်းအားဖြင့်
ရည်မှန်းချက်ပန်းတိုင်နဲ့နီးအောင်
ပိုလုပ်လို့ရတယ်။
ဒါကို system-oriented mindset လို့ခေါ်တယ်။
မနက်ထထချင်းမှာ ဘာလုပ်မလဲ၊
ဘာတွေ လေ့လာမလဲ၊
ကိုယ်မကျွမ်းတဲ့ နယ်ပယ်ဆို
နည်းပြ coach တွေများလိုမလား။
ဒီလို စဥ်းစားပြီး ကြီးမားတဲ့ရလဒ်အတွက်
ဖြေးဖြေး မှန်မှန်တည်ဆောက်သွားတာဖြစ်တယ်။
လိုချင်တာရဖို့ဆိုတာ
သစ်ပင်ကို ပုဆိန်နဲ့ ခုတ်သလိုပဲ
အားပြင်းပြင်းတစ်ချက်တည်နဲ့
မရနိုင်ဘူး။
ဖြေးဖြေးမှန်မှန် တစ်ချက်ချင်း
ထိထိ မိမိခုတ်သွားဖို့လိုတယ်။
Toe Tet Essentials ထဲပါတဲ့
course 21 ခုလုပ်တုန်းကလဲ
အလားတူပဲ။
2016 ကတည်းက သင်တန်းတွေကို
small group လေးတွေနဲ့ တစ်ခုပြီးတစ်ခု
test လုပ်တယ်။
သုံးနှစ်ခွဲကျော်ကြာတော့ ဒီ program တွေကို
video course အနေနဲ့ ပြန်ပြောင်းတယ်။
Toe Tet Insider’s Note ဆိုလဲအလားတူပဲ
ငါ စာအုပ်ပေါင်း ၄၀၀+ video တွေလုပ်မယ်ဆိုပြီး
motivation တစ်ခုပေါ်မူတည်ပြီး
လုပ်ချလိုက်လို့ မရဘူး။
တစ်ရက်တစ်အုပ် ဖတ်ပြီး ရိုက်နိုင်ဖို့
စနစ်တစ်ခု ချရတယ်။
ဝိတ်ချတာ၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတစ်ခု
အသစ်ဖန်တီးတဲ့ New Product Development (NPD) ဆိုလဲ
နှစ်ပေါင်းများစွာ အချိန်ပေးရတယ်။
Akyanpay Website ထဲ ဝင်လိုက်တဲ့အခါသာ
ဟာ မိုက်လိုက်တာ လို့စဥ်းစားတာ
ဒါကြီးဖြစ်လာဖို့ 2016 ကတည်းက
တဖြည်းဖြည်းချင်း ဖြည့်လာသလို
တစ်ပတ်ကို Coaching 12 ချိန်အထက်မှာ
အသုံးပြုလာတဲ့ framework တွေနဲ့
တွေ့ရှိချက်တွေ အပေါ်အခြေခံပြီး
ဖန်တီးလာတာ။
တချို့ product တွေဆို launch သာ
မလုပ်ရသေးတာ
ငွေကုန်ကြေးကျခံပြီးလုပ်နေတာ
၂ နှစ်ကျော်ရှိနေပြီ။
ဒီလို ဒူပေဒါပေခံဖို့ စနစ်အခြေပြု
စဥ်းစားမှု လိုတယ်လို့ထင်တယ်။
ဝိတ်ချတာပဲ ဖြစ်ဖြစ်၊
fitness အတွက်ပဲဖြစ်ဖြစ်၊
relationship ပဲဖြစ်ဖြစ်၊
ငွေကြေး စီမံခန့်ခွဲမှုပဲဖြစ်ဖြစ်
နေ့စဥ် လုပ်နေတဲ့ သေးသေးလေးတွေက
အဟားဒယား အရေးကြီးတယ်။
စနစ်အခြေပြု စိတ်နေစိတ်ထား
system-oriented mindset က
ရည်မှန်းချက်အခြေပြု
goal-oriented mindset ထက်
အလုပ်ဖြစ်တယ်လို့တော့
သာကော ယူဆမိတယ်
အားတီ၊ အားမေတို့။
Phyo Paing @ Derek