ခုခေတ်ကြီးမှာ စာဖတ်ဖို့အော်နေပေမယ့်တကယ်အချိန်မရှိကြဘူး။ ဒီတော့ technology ကို သုံးသင့်တာပေါ့။ audiobook တွေရှိတယ်။ စာဖတ်ပျင်းရင် စာအုပ်တွေကို moonreader (Android မှာ) text-to-speak နဲ့စာဖတ်ခိုင်းလို့ရတယ်။ iOS မှာ Voice Over feature ရှိတယ်။
English လို သို့ တရုတ်လို တတ်ရင် app တွေ အများကြီးဘဲ။ တရုတ်ထဲမှာ 懒人听书 တို့ 喜马拉雅fm တို့မှာ audiobook တွေ free တွေမှ အများကြီး English Version တွေ အပါ။
English လိုထဲမှာတော့ Amazon ရဲ့ Audible က အကောင်းဆုံးဘဲ။ နားထောင်လိုက် return ပြန်လုပ်လိုက် လုပ်လို့ရတယ်။
ရေချိုးရင် နားထောင်၊ လမ်းသွားရင်းနားထောင်၊
အိပ်သာတက်ရင်း၊ ညအိပ်ရင်း စာအုပ်ဖတ် ပုံမှန် တစ်ပတ်တစ်အုပ်တော့ပြီးတယ်။ တစ်နှစ် အအုပ်ငါးဆယ်။
သာမာန် audiobook က ၁၀ နာရီကြာလေ့ရှိတယ်။ 1.5x speed နဲ့ ၇ နာရီခွဲ။
ရေချိုးမျက်နှာသစ် တစ်ရက် နာရီဝက်၊
လမ်းမှာ ရုံးသွားရုံးပြန် နာရီဝက် နားထောင်လို့ရတယ်။
စာအုပ်လေးနဲ့ ကော်ဖီနဲ့ကတော့ weekends တွေမှာ ဇိမ်နဲ့ဖတ်ပေါ့။
Trending ဖြစ်နေတာလေးတွေ။
Phyo Paing @ Derek