Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Motivation & 2P

🔑မနက်ထလာတယ် အလုပ်မလုပ်ချင် မကိုင်ချင်ဖြစ်ဘူးပါသလား?
🔑မကောင်းမှန်းသိပေမည့် မိမိကိုယ်ကို ပျက်စီးစေတဲ့ အမူအကျင့်တွေကို ဆက်လက်လုပ်ကိုင်နေမိပါသလား?
🔑အောင်မြင်ဖို့အတွက် motivation လိုအပ်ပါတယ်။

Motivation ရဲ. အခြေခံကတော့ 2 P ဖြစ်တဲ့ Pain & Pleasure ဖြစ်တယ်။ လူတွေလုပ်နေတဲ့အလုပ်တိုင်းရဲ. ဇစ်မြစ်ကို ဒီနှစ်ခု ကြည့်နိုင်တယ်။

Pain
လူတွေဟာ နာကျင်မှုကို ရှောင်ရှားလိုကြတယ်။ နာကျင်မှုကို ကြောက်တဲ့အတွက် Pain ဟာ လူတစ်ယောက်ကို ကြီးမားတဲ့ motivation ဖြစ်စေပါတယ်။ ဥပမာ ဆေးလိပ်သောက်တဲ့သူတစ်ယောက် အသက်မဝတော့ဘူး ဆက်သောက်ရင် အဆုတ်ကင်ဆာနောက်တစ်ဆင့်တိုးတော့မယ်ဆိုတဲ့အချိန် သူဆေးလိပ်ဖြတ်ပြီ။ ကျောင်းသားတစ်ယောက် စာမေးပွဲကျမှာ အမှန်အကန်ကြောက်တဲ့အချိန်သူစာကြိုးစားမှာ ဖြစ်တယ်။ ရုံးနောက်ကျရင် လစာထဲက ဖြတ်ခံရမှာ အမှန်အကန်ကြောက်ရင် သူ အချိန်မှန်ရုံးလာမှာဖြစ်တယ်။ အစားတွေကို ဒီအတိုင်းဆက်စားနေရင် ပုံပျက်ပန်းပျက်ဖြစ်တာကို သူအမှန်တကယ်ကြောက်လာရင် diet လုပ်လာတော့မှာဖြစ်တယ်။

Pleasure
လူတွေကို motivated ဖြစ်နေတဲ့နောက်အရာက ပျော်ရွင်ကျေနပ်စေမှု Pleasure ဖြစ်တယ်။ ဘာကြောင့် ဆေးလိပ်သောက်တာလည်းဆိုရင် ပျင်းရိမှုကို ပြေပျောက်စေတယ်။ စသောက်သောက်ချင်းလူတွေရှေ.မှာ စတိုင်ကျသလိုရှိတယ်။ လူငယ်တစ်ယောက် ဂုဏ်ထူးထွက်ရင် ပျော်ချင်လို့။ လူတွေအသိမှတ်ပြုခံချင်လို့။ ဒါကြောင့်စာအရမ်းကြိုးစားတယ်။

ဒါကြောင့်ဆေးလိပ်ဖြတ်မည့် လူတစ်ယောက်အနေနဲ့ ဆေးလိပ်ကို မဖြတ်တော့ဘူးဆို ဖြစ်လာနိုင်တဲ့ Pain တွေနဲ့ ဆေးလိပ်သာဖြတ်လိုက်မယ်ဆိုဖြစ်လာမည့် Pleasure ကို စဉ်းစားပြီးအသုံချနိုင်မယ်ဆို ကောင်းကောင်းပြတ်ပါတယ်။ ကိုယ်တိုင် 2010 တုန်းက အသုံးချခဲ့ဖူးပါတယ်။

ဖေ့ဘုတ် ကလည်း Pain and Pleasure Principle ကို သုံးပြီး လူတွေကို Post ပိုတင်အောင်လုပ်လာတယ်။ Post မတင်တာကြာရင် ဖေ့ဘုတ် algorithm အရ reach နည်းလာတယ်။ ဖေ့ဘုတ် သုံးချင်ဟာ ပျင်းရိခြင်းကို ပျောက်စေတဲ့အတွက် Pleasure နဲ့ ဆက်စပ်ထားတယ်။

Action Plan-

စာဖတ်ချင်စိတ်မရှိဘူး။

Pain – တကယ်လို့ငါမကြိုးစားဘူးဆို စာမေးပွဲကျမယ်။ စာမေးပွဲကျရင် အိမ်ကလူတွေစိတ်ဆင်းရဲမယ်။ အချိန်ကုန် လူပင်ပန်းပြီး ဘေးက သူငယ်ချင်းတွေအထင်သေးတယ်။ နောက် ဘယ်စာမေးပွဲဖြေဖြေ အရှုံးဆိုတဲ့စိတ်ကြီးဝင်နေမယ်။

Pleasure – စာမေးပွဲအောင်ရင် နောက်တစ်ခါဖြေစရာမလိုတော့ဘူး။ အိမ်ကလူတွေလည်း စိတ်ချမ်းသာမယ်။ ကိုယ့်ကိုကိုယ်အသုံးကျတဲ့သူတစ်ယောက်ဖြစ်တယ်လို့ခံစားရမယ်။ နောက်‌ရှေ့ဆက်ရမည့်လမ်းတွေပိုလှပလာမယ်။ အလုပ်မှာ promotion ရဖို့ အလားအလာပိုကောင်းလာမယ်။

ဒီအလုပ်ကို မလုပ်လိုက်ရင် ဖြစ်လာနိုင်တဲ့ ကြီးမားတဲ့ နာကျင်မှုနဲ့ တကယ်လုပ်ရင် ဖြစ်လာနိုင်တဲ့ ပျော်ရွင်မှုနဲ့ ဆက်စပ်ပေးပြီး motivation ရယူလို့ရပါတယ်။

Phyo Paing @ Derek

Share Your Idea!​