ပြဿနာတစ်ခုကြုံတဲ့အခါ
ဆရာဝန်တစ်ယောက်ဟာ
ထိုင်ငြီးနေလို့မရဘူး။
ပြဿနာ အဖြေရှာရတယ်။
တာဝန်ယူရတယ်။
ဒါကြောင့် ကိုယ့်ဘဝကိုတာဝန်ယူပါ။
ခိုလိုပဲထိုင်ငြီးမနေပါနဲ့.
ကိုယ်ဖြေရှင်းနိုင်တဲ့ပြဿနာ
မဖြေရှင်းနိုင်တဲ့ ပြဿနာခွဲသိပါ။
ယုံကြည်မှုလွန်ကဲပြီး
ကိုယ့်ကျွမ်းကျင်မှုနဲ့ ဖြေရှင်းလို့မနိုင်တဲ့
ပြဿနာကို လိုအပ်ရင်
ကိုယ့်ထက်ကျွမ်းကျင်သူကိုလွဲပေးပါ။
ကိုယ်အားသာတဲ့အချက်
အားမသာတဲ့အချက်ကို ခွဲသိပါ။
Know your niche.
စာနာစိတ်ထားပါ။
ဆရာဝန်တစ်ယောက်ရဲ့တာဝန်က
လူနာကို တိုင်ပင်ဆွေးနွေး
သူ့ပြဿနာကိုဖြေရှင်းဖို့ဖြစ်တယ်။
လူနာကိုစိတ်မဝင်စားရင်
ပြဿနာအရင်းအမြစ်ကို
သေချာသိဖို့ခက်တယ်။
ဒါကြောင့် စာနာစိတ်နဲ့စိတ်ဝင်စားပါ။
ကိုယ့်အထင်အမြင်တွေကို
အထောက်အပံ့ပြုတဲ့ အချက်အလက်ရှာပါ။
ကိုယ်ထင်တာကိုဆန်းစစ်ဖို့
လိုအပ်ရင် ရောဂါရှာဖွေခြင်း diagnosis လုပ်ရပါတယ်။
လိုအပ်တဲ့ စစ်ဆေးတိုင်းတာမှုတွေပြုလုပ်ရပါတယ်။
ကိုယ့်ယုံကြည်တာယုံကြည်တာဆိုတာနားလည်ပါ။
ဒီ ယုံကြည်မှုတွေမှန်မမှန် confirmation bias မဖြစ်အောင်
data-driven decision အချက်အလက်အခြေပြု
ဆုံးဖြတ်ချက်ချတတ်အောင်လေ့ကျင့်ပါ။
အဖွဲ့နဲ့အလုပ်ပူးတွဲလုပ်တတ်အောင်
လေ့လာသင်ယူဖို့လိုတယ်။
တစ်ယောက်တည်းနဲ့ ဥုံဖွလုပ်လို့မရဘူး။
ကျွမ်းကျင်သူတွေစုပြီး အလုပ်လုပ်ရတဲ့အတွက်
မတူညီတဲ့လူတွေရဲ့မတူညီတဲ့လိုအပ်ချက်တွေကိုသိပါ။
နောက်ဆက်တွဲကိုကြိုတင်စဥ်းစားပါ။
ရောဂါတစ်ခုကို ကုသ treatment ပေးပြီးတိုင်းမှာ
သက်သာတိုးတက်မှု prognosis ဆိုတာရှိသလို
နောက်ဆက်တွဲ complications ဆိုတာလဲရှိတယ်။
လုပ်ရပ်တိုင်းရဲ့နောက်မှာ နောက်ဆက်တွဲတွေရှိတာဖြစ်တဲ့အတွက်
ဒီနောက်ဆက်တွဲ consequences တွေကိုကြိုတင်စဥ်းစားပါ။
စကားပြောတတ်ပါစေ။
ဒီခွဲစိတ်မှုပြုလုပ်ရင် သေဖို့ 10% ရှိတယ်ဆိုတာနဲ့
ဒီခွဲစိတ်မှုကြောင့် ပြန်ကောင်းနိုင်ခြေ 90% ရှိတယ်
အဓိပ္ပာယ်တူပေမယ့်
အသုံးပြုတဲ့ စကားအထားအသို syntax နဲ့ semantics ကွာရင်
အဓိပ္ပာယ်အထင်အမြင်ကွာသွားတတ်တာ
အားလုံးအသိဖြစ်တဲ့အတွက်
ဆက်သွယ်ပြောဆိုတတ်ဖို့လိုတယ်။
ဘဝပြဿနာတွေကို ဆရာကျကျ
အဖြေရှာနိုင်ဖို့ ဆရာဝန်တစ်ယောက်လို့
စဥ်းစားချင်တဲ့ အားတီ၊ အားမေတို့အတွက်။
Phyo Paing @ Derek