Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Root cause analysis (RCA)

ဆေးတက္ကသိုလ်က ကျောင်းတော်ကြီးက
သင်ပေးလိုက်တဲ့
စဥ်းစားမှုပုံစံ mental model ကတော့
ပြဿနာအဖြေရှာနည်းပဲဖြစ်တယ်။

ပြဿနာတစ်ခုနဲ့ကြုံလာတဲ့အခါ
အမှတ်လက္ခဏာ signs & symptoms ကို
ခွဲခြားသိပြီး
ပြဿနာရဲ့အရင်းအမြစ်ကို
ခွဲခြမ်းစိတ်ဖြာပြီး ရှာဖွေတာဖြစ်တယ်။
ဒါကို Root cause analysis (RCA) လို့ခေါ်တယ်။

ဒီလိုလုပ်နိုင်ဖို့ လူတစ်ယောက်အကြောင်းနားလည်ဖို့
Zoology သတ်တဗေဒ၊
Botany ရုက်ခဗေဒ၊
Physics ရူပဗေဒ၊
Chemistry ဓာတုဗေဒ ကို အခြေခံပြီး
Anatomy ခန်ဓာဗဒေ၊
Biochemistry ဇီဝဓာတုဗေဒ၊
Microbiology အဏုဇီဝဗေဒ၊
Pharmacology ဆေးဝါးဗေဒ၊
Pathology ရောဂါဗေဒ၊
Forensics မှုခင်းနဲ့ ဥပဒေရေးရာဆေးပညာ၊
Medicine ဆေးဝါး၊
Surgery ခွဲစိတ်၊
Obstetrics and Gynaecology (O&G) သားဖွားမီးယပ်၊
Pediatrics ကလေးအထူးကု ဆေးပညာ
စုံစုံလင်လင်သင်ပြီး ပြဿနာအဖြေရှာနိုင်အောင်
လေ့ကျင့်ပျိုးထောင်ပေးတယ်။

ဒီကတစ်ဆင့် Evidence-based medicine လို့ခေါ်တဲ့
ရောဂါကို စစ်ဆေးဖို့ diagnosis လုပ်ပြီးရင်
ကုသဖို့ treatment options လမ်းကြောင်းတွေကို
အထင်အမြင်တစ်ခုတည်းမဟုတ်ပဲ
သုသေတနတွေ့ရှိချက်တွေ (Research)
ကိုယ့်ကျွမ်းကျင်မှုအတွေ့အကြုံ (Expertise)
လူနာရဲ့တန်ဖိုးထားစဥ်းစားမှု (Patient’s Values)
ပေါ်မူတည်ပြီး ကုသမှုပြုလုပ်ကြတယ်။

ကျွန်တော်တို့ လေ့လာသင်ကြားခဲ့တဲ့
အသိပညာ၊ အတတ်ပညာနဲ့
အသက်မွေးဝမ်းကြောင်း ပြုချင်မှပြုလိမ့်မယ်။
ဒါပေမယ့် ဒီ medical doctor by training ကြောင့်
စဉ်းစားတဲ့ပုံစံ mental model က
ရှေ့ဆက်တဲ့ဘဝအတွက် အများကြီး
အထောက်အကူပြုသွားတယ်။

ဒါကြောင့် ဒီပညာရပ်သင်ကြားပြီး
ဒီပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းမပြုတဲ့အတွက်
အလဟသ ဖြစ်သွားတာဟုတ်ချင်မှဟုတ်တယ်။

ကိုယ့်ကို train လိုက်တဲ့ အတတ်ပညာကနေ
အဖိုးမဖြတ်နိုင်တဲ့ တခြားနေရာမှာ
အသုံးပြုလို့ရတဲ့ နည်းလမ်းတွေအများကြီးရနိုင်တယ်။

ဒီိနေ့ခေတ် မဟာဗျူဟာ၊ မားကတ်တင်း၊
စီးပွားရေး အကြံပေးတဲ့အခါ
ဆရာဝန်အနေနဲ့ လေ့ကျင့်ခဲ့ရတဲ့
၆ နှစ်စာ စဥ်းစားမှုပုံစံက
အများကြီးအထောက်အကူပြုတယ်။

ဒါကြောင့် ကိုယ့်ကိုကိုယ်
I am a medical doctor by training ဆိုတာ
စဥ်စားမိတိုင်း ဂုဏ်ယူမိတယ်။
အဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုတာ
မပြုတာက တစ်ပိုင်း။
ကိုယ်တွေ့ခဲ့တဲ့ သူငယ်ချင်းတွေ၊
ဆရာတွေက ကျေးဇူးတင်စရာလူတွေပဲ။
အားလုံးကျန်းကျန်းမာမာရှိကြပါစေလို့
ဆန္ဒပြုမိတယ်။

Phyo Paing @ Derek

Share Your Idea!​