Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒုက္ခတွေနဲ့ ပျော်နေတတ်ပြီ။

ဒုက္ခတွေနဲ့ ပျော်နေတတ်ပြီ။

ကျွန်တော်တို့အားလုံး
စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းသိထား
နှလုံးသွင်းထားကြတယ်။

ဒါကတော့
ဘဝဆိုတာ ဒုက်ခ။

ဘဝဆိုတာ
လမ်းပေါ်သွားနေတဲ့ ယာဥ်တစ်စီးဆို
ဖောက်ပြန် ပျက်စီးနိုင်တယ်။
ဘီးပေါက်နိုင်တယ်။
အဲကွန်းပျက်နိုင်တယ်။
လမ်းတွေ ပျက်နေတာမျိုးကြုံရနိုင်တယ်။
လမ်းမှားသွားမိတာမျိုးကြုံရနိုင်တယ်။
ဒါတွေကို ကျွန်တော်တို့အားလုံး
ဗုဒ္ဓအဆုံးအမကြောင့်
ကြိုသိခဲ့ကြတယ်။

ဒုက္ခသစ္စာ ဆိုတာ
“ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည်
အမှန်တကယ်ရှိသည်။” တဲ့။

စိတ်ပိုင်းဆိုင်ရာ၊
ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလို့သာ
ဒီနေ့ ဒီလိုအခြေကို
သွေးမပျက် ဖြတ်သန်းနိုင်တာ။

ဒီလို ဒုက္ခကို ဒုက္ခမှန်းသိ
အမှန်ကို အမှန်၊
မှန်ကန်တဲ့အမြင်ထားနိုင်တဲ့အတွက်
အဝိဇ္ဇာအဆင့်ကို ကျော်ဖြတ်နိုင်တယ်။
ပုထုဇဥ်ဖြစ်နေသေးတာရယ်
လောကီရေးရာဖြတ်သန်းမှုကြောင့်ရယ်ကြောင့်
ကိလေသာတွေ ငြိတွယ်နေသေးတာကတော့
သဘာဝပေမယ့်
တဏှာကို တဏှာမှန်းသိ
အထူးမငြိတွယ်မိတဲ့ခြင်းမှာ
ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့
သမုဒယသစ္စာကြောင့်ဆို မမှားဘူး။

သမုဒယသစ်စာ – သမုဒယ (တဏှာ၊ အဝိဇ်ဇာ)
သည် ‘ဒုက္ခ’ကို ဖြစ်စေသော
အကြောင်းအရင်း အမှန်ဖြစ်သည်။

သံသရာရန်ရှာတဲ့အခါ
အဖန်တရာမက ကြိုးစားလဲ
ဒုက္ခပင်လယ်တွေ ဖြစ်တတ်တာ
အားလုံး မျက်မြင်ကိုယ်တွေ့ပဲ။
ကိလေသာမီးငြိမ်းမှ
ဖုယောင်းတိုင်မီးကိုလေမှုတ်ငြိမ်းလိုက်သလို
ငြိမ်းသွားမယ်။
ဒီသံသရာကို Sayonara ဘိုင်းဘိုင်လုပ်နိုင်မယ်။

ကံကောင်းတာတစ်ခုက
ဒီလို သံသရာထဲကလွတ်မြောက်ခြင်း၊
ချုပ်ငြိမ်းခြင်းကို ဗုဒ္ဓက
နိဗ္ဗာန်ဆိုပြီး ကျွန်တော်တို့ကိုလမ်းပြခဲ့တယ်။
ဒါကတော့ နိရောဓသစ္စာ။
“ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည်
အမှန်တကယ်ရှိသည်” တဲ့။

ဒီတော့ သံသရာကို စိတ်ကုန်တဲ့သူတွေအတွက်
ဒါက မျှော်လင့်ချက်ရောင်ခြည်ပဲ။
တွေ့၊ ဆုံ၊ ကြုံ၊ ကွဲ။
ဖွား၊ နေ၊ သေ ဒီသံသရာထဲ
ပြဇာတ်ကြီးထဲက
လွတ်မြောက်ချင်တဲ့သူတွေအတွက်
နည်းလမ်းတွေရှိတယ်ဆိုတော့
အားတက်ရပြန်တယ်။

ဘယ်လိုတွေး၊
ဘယ်လိုမြင်၊
ဘယ်လိုပြော၊
ဘယ်လိုနေ၊
ဘယ်လိုကျင့်၊
အတွေး၊ အကြံ၊ အလုပ်တွေကို
အသေးစိတ်လုပ်ဆောင်ဖို့
ဗုဒ္ဓက မဂ္ဂသစ္စာနဲ့ လမ်းပြပေးခဲ့ပြန်တယ်။
“နိဗ္ဗာန်ကို ရရှိရန် နည်းလမ်းသည်
မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်” တဲ့။

ဗုဒ္ဓရဲ့အဆုံးအမနဲ့ နေထိုင်တဲ့အတွက်
မှန်သော အယူအမြင်ရှိလာတယ်။
ဘဝမှာ ဒုက္ခတွေရှိတယ်ဆိုတာ နားလည်တယ်။
ဖြစ်ပြီး ပျက်တယ်။
ငါဆိုတာ မရှိဘူး။
တနေ့အကုန်ထားခဲ့ရမယ်။
ဒါတွေကို နားလည်ထားတယ်။

မှန်သောအကြံရှိကြတယ်။
မေတ္တာတရားပွားများပြီး၊
မနာလိုစိတ်၊ သူတပါးကိုဒုက္ခပေးလိုစိတ်၊
ဒါတွေကို တတ်နိုင်သလောက်လျော့တယ်။
ဘဝမှာ တချိန်ထားခဲ့ရမည့်အရာတွေကို
ဥစ္စာစောင့်လို တွယ်ကပ်မနေပဲ
ဥပက္ခာတရားလက်ကိုင်ထားတယ်။

ကိုယ့်အတွက် အကျိုးမရှိ၊
သူတပါးအတွက် အကျိုးမရှိ၊
မဟုတ်မမှန်တဲ့စကားတွေ မဆိုဘူး။

ငါးပါးသီလဖြစ်လုံခြုံဖို့
အကောင်းဆုံးနေထိုင်တယ်။
ချိုးဖောက်မိရင် ပြန်ပြင်တယ်။

သူတပါးကို ဒုက္ခပေးပြီးမှ
ထမင်းစားရတဲ့ အလုပ်မလုပ်ဘူး။
သန့်စင်စွာ သမာအာဇီဝနဲ့ အသက်မွေးတယ်။

ကိုယ့်ရဲ့အတွေး၊ အကြံ၊ အလုပ်တွေကို
အကုသိုလ်မဖြစ်ဖို့ အမြဲကြိုးစားတယ်။

အကဲမဖြတ်၊ အပြစ်မတင်ပဲ
ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာ
အဖြစ်အပျက်တွေကို
ပစ္စုပ္ပန်တည့်တည့်စိတ်ထားပြီး ရှုမြင်တယ်။

မှန်သော တည်ကြည် စူးစိုက်မှုရဖို့
နေ့တိုင်း အလုပ်မှာ ဘဝမှာ
အာရုံအထူး စူးစိုက်လုပ်ဆောင်တယ်။
တရားထိုင်တယ်။

ဒီလို အကျင့် သီလ
အာရုံစူးစိုက်မှုအားကောင်းပြီး သမာဓိနဲ့
အမှန်ကို အမှန်မြင်နိုင်တဲ့ ပညာ ရှိလာပြီး
သံသရာ ကိုမြင်ပြီး
သံသရာ ရန်ရှာတာ ရပ်ဖို့၊
သံသရာမှာ ကျင်လည်တဲ့အခါ
အထာကျဖို့၊
သံသရာက ထွက်ဖို့၊
၁။ သမ္မာဒိဋ္ဌိ
၂။ သမ္မာသင်္ကပ္ပ
၃။ သမ်မာဝါစာ
၄။ သမ်မာကမ်မန်တ
၅။ သမ်မာအာဇီဝ
၆။ သမ်မာဝါယာမ
၇။ သမ်မာသတိ
၈။ သမ်မာသမာဓိ
မဂ္ဂင်ရှစ်ပါးနဲ့ လမ်းပြခဲ့တယ်။

ကြည်ညိုမိတယ်။

သံသရာထဲ လမ်းပျောက်နေတဲ့
ကျွန်တော်တို့ လူတစ်ချို့အတွက်
မီးအလင်းရောင်အကြီးအကျယ်ရတယ်။

ပျက်အစဥ် ပြင်မရတဲ့
ကိုယ့်ကိုယ်ကိုယ်တောင်
ကြိုးစားလိုက် ပြင်လိုက်နဲ့
မဆိုးဘူး တိုးတက်လာတယ်
ခံစားရတဲ့ သူတွေလဲ
အများကြီးရှိမယ် ထင်တယ်။

ဘာရယ်မဟုတ်ဘူး
စဥ်းစားမိတာလေး တချို့ကို
အားတီ၊ အားမေတို့အတွက်
Insidernote မှာ ရေးရင်း
Facebook က ပါ မျှဝေပေးလိုက်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​