စီးပွားရှာဖို့ အရင်မစဥ်းစားနဲ့။
ပြဿနာရှာဖို့ အရင်စဥ်းစားကြည့်။
စျေးကွက်ပြဿနာရှာပြီး ဖြေရှင်းနိုင်မှ
ထုတ်ကုန်ဆိုတာ ဖြစ်တယ်။
ဒီလို ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရှိမှ
ရောင်းလို့ရမယ်။
ရောင်းတိုင်းလဲ မမြတ်ဘူး။
မြတ်ဖို့ ရောင်းမည့်စျေး၊
ရောင်းရနိုင်မည့် ပမာဏ၊
ဖြန့်ချီမည့်စျေးကို အတွက်အချက်လုပ်ရတယ်။
စီးပွားရှာဖို့စဥ်းစားတိုင်း
စျေးကွက်ပြဿနာ ကို အရင်ရှာကြည့်ပါ။
ပြီးရင် ကိုယ်က
စျေးကွက်မှာရှိနေပြီးသား ထုတ်ကုန်တွေထက်
ဘာတွေပိုကောင်း၊
ဘာတွေပိုပြောင်း၊
ဘယ်လို မြန်ဆန်၊ သက်သာ၊
ပျော်ရွင်၊ ကျေနပ်၊ လိုချင်အောင်
လုပ်ရမလဲစဥ်းစားပြီး
လုပ်ဆောင်တဲ့အခါ စီးပွားရေးဆိုတာ ဖြစ်လာမယ်။
စျေးကွက်မှာ ကွင်းထဲမကန်ခင်
အပြင်ကနေ လေ့လာနေတာကလဲ
အလုပ်လုပ်နေတာပါပဲ။
ဒါကို သုတေသနလုပ်ဆောင်ခြင်း
research လို့ခေါ်ပါတယ်။
စီးပွားမရှာခင်
ပြဿနာ အရင်ရှာပါ။
ပြဿနာရှာပါ။
ပြဿနာ မဖန်တီးပါနဲ့။ 😀
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay