ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်
ထားနိုင်ခြင်းက
အောင်မြင်မှုပဲ။
ဒါကတော့ ကျွန်တော့်အဓိပ္ပာယ်ဖွင့်ဆိုမှုပေါ့။
လိုချင်တာရရင်လဲ စိတ်ချမ်းသာတယ်။
မလိုချင်တာ မရရင်လဲ စိတ်ချမ်းသာတယ်။
သူနဲ့ပြောင်းပြန်က စိတ်ဆင်းရဲတာ။
ရထားတာမလိုချင်ရင် စိတ်ဆင်းရဲတယ်။
မလိုချင်တာရပြန်ရင်လဲ စိတ်ဆင်းရဲတယ်။
လိုချင်တာရဖို့က ဆာလောင်မှုလိုတယ်။
ကြံဆမှု၊ အားထုတ်မှု၊ အကင်းပါးမှုလိုတယ်။
မလိုချင်တာမရဖို့က ကြိုတင်ပြင်ဆင်မှု၊
အန္တရာယ်တွေကို စီမံခန့်ခွဲမှုလိုတယ်။
ရထားတာမလိုချင်မဖြစ်ဖို့
လူတိုင်းလိုချင်တာကို
ကိုယ်လိုချင်တာဟုတ်မဟုတ်ပြန်ဆန်းစစ်ဖို့လိုတယ်။
မလိုချင်တာမရဖို့
ကိုယ်မလိုချင်တာကို ပြတ်ပြတ်သားသား
No ပြောရဲဖို့လိုတယ်။
မလိုချင်တာပေးတတ်သူတွေကို
ကြည့်ရှောင်နိုင်ဖို့လဲလိုတယ်။
Phyo Paing @ Derek