ကိုယ့်မှာ ရည်မှန်းချက်ပန်းတိုင်တစ်ခု၊
အိမ်မက််တစ်ခုရှိလာတဲ့အခါ၊
ဒီရည်မှန်းချက်ပန်းတိုင်၊
ဒီအိမ်မက်နဲ့ လက်တွေ့ဘဝကြားမှာ
ကွာဟမှု တစ်ခုရှိလာပြီ။
ဒီကွာဟမှုကို ပိတ်ဖို့
ဘယ်လိုလမ်းကြောင်းတွေနဲ့သွားမလဲ၊
ဘာအတားအဆီးတွေရှိလဲဆိုတဲ့
ပြဿနာဖြေရှင်းမှုတွေကိုလုပ်ဆောင်ရပြီ။
ဒီလိုပြဿနာတွေတစ်ခုချင်းဖြေရှင်းပြီး
ရည်မှန်းချက်ပန်းတိုင်ရောင်အောင်သွားဖို့
၁။ စိတ်နေသဘောထား၊ ယုံကြည်မှု၊ အခြေခံအယူအဆ
၂။ ပြဿနာကို ချဥ်းကပ်ဖြေရှင်းပုံ
၃။ မြန်ဆန်မှုနဲ့ စိတ်ရှည်မှု
၄။ သင်ခန်းစာယူမှု ဒီလေးခုလိုတယ်။
သင်္ချာတောင် unseen ဆိုကြောက်အောင်
သင်ခဲ့ရတဲ့ ကျောင်းတွေနဲ့ ပြီးခဲ့တဲ့သူတွေဆိုတော့
မမြင်ဖူးတဲ့ ဘဝပြဿနာကို အဖြေမရှာနိုင်တာ
အားငယ်စရာတော့ မဟုတ်ဘူး။
ဒါတွေက မျက်စိကိုဖွင့်၊
နားကိုစွင့်၊ အမြင်ကျယ်ကျယ်ထား
လေ့လာရင် လေ့လာလို့ရတယ်။
ကိုယ့်လုပ်ငန်းရှေ့မရောက်တာ
ပြဿနာဖြေရှင်းနိုင်စွမ်းမရှိတဲ့
problem-solving အားနည်းတဲ့
မန်နေဂျာနဲ့ ဝန်ထမ်းတွေကြောင့်ဆိုရင်
မမှားဘူးလို့ယူဆတယ်။
Phyo Paing @ Derek