လူတွေက စဥ်းစားတဲ့ mental model
မတူကြဘူး။
သာမာန် အခြေခံဝန်ထမ်းတစ်ယောက်
စဥြးစားတာ၊
မန်နေဂျာတစ်ယောက်စဥ်းစားတာ၊
လုပ်ငန်းရှင်တစ်ယောက်စဥ်းစားတာ
မတူသလို၊
တော်တဲ့ ဝန်ထမ်း၊
တော်တဲ့ မန်နေဂျာ၊
တော်တဲ့ လုပ်ငန်းရှင်စဥ်းစားတာနဲ့
သာမာန်ဝန်ထမ်း၊
သာမာန် မန်နေဂျာ၊
သာမာန် လုပ်ငန်းရှင်စဥ်းစားတာမတူဘူး။
အလားတူပဲ
အလုပ်မဖြစ်တဲ့ ဝန်ထမ်း၊
အလုပ်မဖြစ်တဲ့ မန်နေဂျာ၊
အလုပ်မဖြစ်တဲ့လုပ်ငန်းရှင် စဥ်းစားတာလဲ
မတူကြပြန်ဘူး။
ကိုယ်စဥ်းစားတာ မှန်မမှန်ဘယ်လိုသိနိုင်မလဲ။
လုပ်ငန်းရှင်ဆို ကိုယ့် financial statements
ကြည့်လိုက်ရင် ရှင်းနေတာပဲ။
မန်နေဂျာဆိုလဲ လုပ်ငန်းကသတ်မှတ်ထားတဲ့
ရည်မှန်းချက်ပန်းတိုင်ရောက်မရောက်ကြည့်လိုက်။
သာမာန်အောက်ခြေဝန်ထမ်းဆိုလဲ
ကိုယ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်က
လွန်ခဲ့တဲ့ ခြောက်လနဲ့ အခုနဲ့ အတူတူပဲလား
ပြန်လိုက်လိုက်ရင် ရှင်နေမယ်။
Phyo Paing @ Derek