Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကျွန်တော် perfect မဖြစ်ဘူး။
တစ်သက်လုံးလဲ ဖြစ်မှာမဟုတ်ဘူး။

Perfectionism ဆိုတာ အင်မတန်
toxic ဖြစ်တဲ့ စကားလုံးပဲ။
ကျွန်တော်တို့ culture က
ဒီ အယူအဆကို ဆုပ်ကိုင်ထားတယ်။

Perfect ဖြစ်နေတယ်ဆိုတဲ့သဘောက
တိုးတက်စရာမရှိတော့တဲ့သဘော။
ဒါပေမယ့် လူတွေသတ်မှတ်ထားတဲ့
ပြီးပြည့်စုံတယ်ဆိုတဲ့ စံနှုန်းက
အမြဲအပြောင်းအလဲဖြစ်နေတယ်။

Perfect ထက် အရေးကြီးတဲ့စကားလုံးက
Progress ပဲ။
တိုးတက်နေဖို့လိုတယ်။

လူတွေက perfect တော့ဖြစ်စေချင်တယ်။
တိုးတက်မှု progress လုပ်နေချိန်မှာတော့
အရိုးများတယ်၊ ချီးခါးတယ်နဲ့
ဝေဖန်ချင်ကြတယ်။

ကျွန်တော့်အယူအဆကတော့ရှင်းတယ်။
တခြားသူတွေ ဘယ်နေရာရောက်နေနေ
အရေးမကြီးဘူး။
အရေးကြီးတာ ကိုယ့်ရဲ့အကောင်းဆုံး
version ဖြစ်ဖို့ နေ့တိုင်း တိုးတက်အောင်
တည်ဆောက်နေဖို့ပဲ။

Insider Note Video စလုပ်တုန်းက
စကားပြောတာမြန်တယ်။
နားထောင်ရတာတောင်မောတယ်။
Video အခု ၁၀၀ ရက်တစ်ရာ
ရောက်တဲ့အထိ ဝေဖန်တဲ့သူရှိတာပဲ။
ဒီနေ့လို 465 ရက်ရောက်တော့ကော်?
ဘယ်လိုနေလဲ?
Speed, Quality တိုးတက်လာမှာပဲ။

လူရှေ့သူရှေ့စကားပြောတဲ့အချိန်
သောက်တလွဲဖြစ်မှာပဲ။
လူတွေကို ပထမဆုံးစီမံခန့်ခွဲတဲ့အချိန်
သောက်တလွဲဖြစ်တာမဆန်းဘူး။
ရင်းနှီးမြုပ်နှံမှုတွေ ပထမဆုံးလုပ်တဲ့အချိန်
သောက်တလွဲဖြစ်တာ မဆန်းဘူး။

Perfect ဖြစ်ချင်စိတ်က
ကိုယ့်ရဲ့ creative work ကို ဖော်ပြဖို့
မဝန့်မရဲဖြစ်စေတယ်။

University of Florida မှာ professor တစ်ယောက်က
ကျောင်းသားတွေကို group နှစ်ခုခွဲပြီး
ပထမ group ကို ဓာတ်ပုံများများရိုက်၊
ဒုတိယ group ကို quality ကောင်းတဲ့ဓာတ်ပုံတွေပဲရိုက်
ဆိုပြီး တာဝန်ခွဲတဲ့အခါ ဘယ် group က
quality ကောင်းပိုထွက်တယ်ထင်သလဲ?
YES.. quantity နဲ့ speed မြန်တဲ့ group A က
quality ကောင်းပိုထွက်တယ်။

1973 အသက် 91 မှာကွယ်လွန်သွားတဲ့
ပန်းချီဆရာကြီး ပီကာဆိုက
သူ့သက်တမ်းတစ်လျှောက်မှာ
ပန်းချီကားပေါင်း 13,500 ကျော်နဲ့
prints and engravings ပေါင်း
၁ သိန်းကျော်လုပ်ခဲ့တယ်။
လေးငါးဆယ်ပုံကို perfect ဖြစ်အောင်ဆွဲပြီး
ကမ္ဘာကျော်လာတာမဟုတ်ဘူး။

ဒီနေ့ခေတ်အယူအဆက
Shipping your creative work ပဲ။

Progress > Perfect
Perfect ကြိုက်တယ်ဆိုပြီး
တိုးတက်မှု Progress ကို
မကန့်သတ်လိုက်နဲ့။

ဝါရင်းဘာဖက်ရဲ့ ညာလက်ရုံး
ဘီလီယံနာ Charlie Munger က
လီကွမ်းယူအောင်မြင်တဲ့ formula က
အရမ်းရိုးရှင်တယ်။
ဘာအလုပ်ဖြစ်တယ်၊
ဘာအလုပ်မဖြစ်ဘူးကြည့်တယ်။
အလုပ်ဖြစ်တာ လုပ်တယ်တဲ့။

Phyo Paing @ Derek

Share Your Idea!​