လူတွေမှာ energy တွေရှိတယ်။
ဒါကို ဖုန်းရွှေနဲ့ ရှေးတရုတ်တွေက
framework တွေထုတ်ကြသလို၊
မြန်မာမှာဆို ဓမ္မ၊သောက၊အင်း၀၊ရာဇာ
ဒီလို အယူအဆမျိုးရှိကြတယ်။
ဒါဟာ လူတွေရဲ့ pattern-making
သဘောတရားကြောင့်
Thinking fast and slow ရေးတဲ့
စာရေးဆရာ Daniel Kahneman ပြောတဲ့
System I အလုပ်လုပ်တာကြောင့်လဲ
ဖြစ်နိုင်တယ်။
ကျွန်တော်ကတော့ ဒီ pattern ကို
တဖြည်းဖြည်းနားလည်လာတယ်။
တချို့လူတွေနဲ့ တွေ့တဲ့အခါ
လောဘကြီးလာတတ်တယ်။
တချို့လူတွေနဲ့တွေ့တဲ့အခါ
စိတ်ငြိမ်းချမ်းတာမျိုးဖြစ်တယ်။
တချို့လူတွေနဲ့တွေ့တဲ့အခါ
လွတ်လပ်ပြီး တီထွင်ဆန်းသစ်မှု
ရှိလာတာမျိုးဖြစ်တယ်။
ဘဝမှာ ကြုံဆုံတဲ့သူတိုင်းနဲ့
စကားပြောပြီးတဲ့အခါတိုင်း
ခံစားရတဲ့ energy နဲ့
ကိုယ့်ကိုဖြစ်ပေါ်စေတဲ့အတွေး
ရသွားတဲ့ ရလဒ်နဲ့ ဒါတွေကို
အမြဲ မှတ်ထားတယ်။
အိုင်ဒီယာအသစ်တွေလိုနေရင်
ဘယ်သူနဲ့ စကားပြောဖို့လိုတယ်၊
လောဘကြီးချင်ရင်
ဘယ်သူနဲ့ ဆက်သွယ်ဖို့လိုတယ်။
ဘယ်သူ့ကိုတော့ ဘယ်အချိိန်မှာမှ
ဆက်သွယ်မယ်။
ဒီလို သတ်မှတ်ထားတယ်။
ဥပမာ အမေ့ကို ဖုန်းဆက်ရင်
အလုပ်တွေ အကုန်ပြီးတဲ့
ညနေပိုင်းအချိန်မှာ ဆက်တယ်။
အဓိက အကြောင်းအရင်းက
အမေရဲ့ personality အရ
စိုးရိမ်တတ်ပြီး security-oriented ဖြစ်တဲ့
energy ဖြစ်တဲ့အတွက်
စွမ်းအင်တွေ စုပ်ယူသွားသလိုခံစားရတယ်။
သူကတော့ ငါ့သားနဲ့စကားပြောပြီးရင်
တက်ကြွလာတယ်တဲ့ 😀
နှစ်ပေါင်းများစွာကြာလာတဲ့အခါ
ကိုယ့်ဘေးနားရှိတဲ့လူတွေရဲ့
အားသာချက်နဲ့ energy တွေကို
အသုံးချတတ်လာတယ်။
သတိထားရမှာက ကိုယ်စိတ်ညစ်နေတဲ့အချိန်
ဘဝရဲ့ rock bottom ရောက်နေတဲ့အချိန်
လာသမျှ energy အကုန်လုံးက မိုက်နေမှာပဲ။
Relationship အစမှာဆို ပိုဆိုးလိမ့်မယ်။
လူတိုင်းက ကိုယ့်ရဲ့ အကောင်းဖက်ကိုပဲ
ပြဖို့ အာသီတရှိကြတယ်။
တလွှာခြင်း တဖြည်းဖြည်းချင်း
အကုန်သိလာတဲ့အခါ
ထိတွေ့တဲ့ energy ကမှ
တကယ့် energy အစစ်ဖြစ်တယ်။
ဒါကတော့ subjective experience ပေါ့။
ဘာသုတေသနမှလဲ မရှိဘူး။
ကျွန်တော် ကျင့်သုံးဖြစ်တဲ့ စနစ်တစ်ခုပဲ။
လူတွေက ပေးတဲ့ energy တွေကို
အကောင်းဆုံးအသုံးပြုနိုင်ဖို့လိုတယ်
အားတီ၊ အားမေတို့။
Phyo Paing @ Derek