Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ငွေစကား ၁၅ ခွန်း

၁။ အလုပ်ကို အသက်လိုသဘောထား။

ကိုယ်အသက်မွေးဝမ်းကြောင်းပြုတဲ့အလုပ်ကို

တန်ဖိုးထားဖို့လိုပါတယ်။

Work Ethics အရေးကြီးပါတယ်။



၂။ ပိုက်ဆံများများရှာ။

ငွေကြေးဆိုတာ အရင်းအမြစ်တစ်ခုပဲ။

ငွေများများရှိလေလေ ရွေးချယ်မှု များများပိုလုပ်နိုင်လေလေ။

လွတ်လပ်မှုပိုရှိလေလေ။



၃။ မစုနဲ့ ပွါး။

Savers are loser ဆိုတာ ကြားဖူးလိမ့်မယ်။

ငွေကြေးဖောင်းဖွမှုတွေနဲ့

စုလေရှုံးလေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ငွေကိုငွေနဲ့ ပွားနိုင်တဲ့

ရင်းနှီးမြုပ်နှံမှု၊ စွမ်းဦးတီထွင်မှုကိုလေ့လာပါ။



၄။ အကြွေးရှင်းအောင်လုပ်

Personal debt မထားနဲ့။

အကြွေးက လူကိုလေးစေတယ်။

စီးပွားရေးအနေနဲ့ ယူတဲ့ business debt က

လုပ်ငန်းအတွက် leverage တစ်ခုဖြစ်ပေမယ့်

personal debt ကို ဂရုစိုက်ဖို့လိုပါတယ်။



၅။ ကိုယ့်အနာဂတ်ဝင်ငွေထိခိုက်စေမည့်

ဘယ်အရာကိုမှ မလုပ်နဲ့။

ဒီနေ့ခေတ်မှာ လွတ်လပ်မှုပါပဲ။

ကိုယ့်ရဲ့ ဝင်ငွေထိခိုက်စေမည့်

အပြုအမူ အကျင့်စရိုက်တွေကို ရှောင်ဖို့လိုပါတယ်။



၆။ ငွေကိုချစ်။ ငွေဆိုတာ စွမ်းအင်တစ်ခုပဲ။

ပိုက်ဆံပြတ်နေတဲ့အချိန်ဖြစ်တဲ့ စိတ်ခံစားမှုနဲ့၊

အိတ်ဖောင်းနေတဲ့အချိန် ဖြစ်တဲ့ စိတ်ခံစားမှုတောင်မတူပါဘူး။

အိတ်ဖောင်းရင် စိတ်ပြောင်းတယ်လို့တောင်

တချို့တွေက ဟာသအနေနဲ့ပြောကြတယ်။

ငွေဆိုတာ စွမ်းအင်တစ်ခုပါ။

သူ့ကို တန်ဖိုးထားပါ။

၇။ ချမ်းသာတဲ့သူတွေ ဘယ်လိုတွေးလဲလေ့လာ။

စာတော်တဲ့ကလေး စဥ်းစားတာနဲ့၊

စာညံ့တဲ့ကလေး စဥ်းစားတဲ့ပုံစံမတူပါဘူး။

ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူ စဥ်းစားတာမတူပါဘူး။

ကမ္ဘာကြီးကို မြင်တဲ့ အမြင်မတူကြပါဘူး။

ဒါကြောင့် ချမ်းသာသူတွေ ဘယ်လိုစဥ်းစားလဲလေ့လာပါ။

တစ်ရက်တစ်အုပ်မျှဝေနေတဲ့ Toe Tet Insidernote မှာလဲ

Psychology of Money စာအုပ်ကို ရှင်းပြထားပါတယ်။



၈။ ငွေပြန်ရှာပေးမည့်အရာတွေမှာ

ငွေသုံးဖို့ မနှမြောနဲ့။

ငွေဝင်မည့်အရာတွေမှာ ငွေရင်းနှီးမြုပ်နှံမှုပြုရမှာ

မနှမြောပါနဲ့။

ရှုံးနိုင်ခြေကို တွက်ပါ၊ ပြန်ရနိုင်စွမ်းကိုလဲတွက်ပါ။

ပြီးရင် ဆုံးဖြတ်ချက်ချပါ။



၉။ အပေါင်းအသင်းတွေကို သေချာဂရုစိုက်။

လူတွေက ကိုယ်နဲ့ ပေါင်းတဲ့သူ ၅ ယောက်နဲ့

average ပဲလို့ ဆရာကြီး ဂျင်ရွန်းက ပြောခဲ့တယ်။

ကိုယ်နဲ့ ပေါင်းတဲ့သူတွေရဲ့ အတွေးအခေါ်က

ကိုယ့်ကို လွမ်းမိုးနိုင်တဲ့အတွက်

ကိုယ်နဲ့ ပေါင်းတဲ့သူတွေကို ဂရုစိုက်ဖို့လိုပါတယ်။



၁၀။ ငွေက ပျော်ရွင်မှုကိုမပေးဘူး။

ဒါပေမယ့် ကိုယ့်ကိုပျော်ရွင်စေတဲ့အရာအများစုကိုတော့

ငွေနဲ့ ဝယ်လို့ရတယ်။

၁၁။ ငွေကို ဘယ်လိုပွါးရမလဲ နေ့တိုင်းစဉ်းစား။

ငွေကိုပွားဖို့ ကျွမ်းကျင်မှုလိုတယ်။

ငွေကိုပွားဖို့ အဆက်အသွယ်ကောင်းလိုတယ်။

ငွေကိုပွားဖို့ လူတွေကို စီမံခန့်ခွဲတတ်ဖို့လိုတယ်။

ငွေကိုပွားဖို့ လူတွေ ဘာလိုချင်နေလဲ လေ့လာတတ်ဖို့လိုတယ်။

ငွေကိုပွားဖို့ ရောင်းတတ်ဖို့လိုတယ်။



၁၂။ ငွေများများရှာပေးဖို့ ကူညီတဲ့

ငွေရှာနည်း high-income skills တွေသင်။

ဥပမာ ကြော်ငြာရေးနည်း၊

လူရှေ့ဟောပြောနည်း၊

ကိုယ်သိထားတာကို ပြန်သင်ပေးနိုင်နည်း၊

အသက်မွေးဝမ်းကျောင်းပညာကို

တစ်ဖက်ကမ်းခပ်ကျွမ်းကျင်အောင်လေ့ကျင့်ထားခြင်း။



၁၃။ စားလို့မကုန်၊ မှားလို့ကုန်တယ်။

ကိုယ်မသိတဲ့လုပ်ငန်းမှာ

ကိုယ်မှာမရှိတဲ့ငွေကို ချေးငှါးမလုပ်နဲ့။



၁၄။ ငွေမရှိရင် မျက်နှာငယ်ရတယ်။

ဒါကြောင့် ငွေကို မမုန်းနဲ့။

အရေးမကြီးဘူးလို့လဲ မထင်နဲ့။

ငွေအရေးကြီးတယ်။

ငွေကိုချစ်ဖို့လိုတယ်။



၁၅။ ဗုဒ္ဓဆိုဆုံးမတဲ့ မဂ္ဂင်ရှစ်ပါးမှာ

တစ်ပါးအပါအဝင်ဖြစ်တဲ့

သမာအာဇီဝနဲ့ အသက်မွေး။

ဒါမှ ဘဝအသက်ထွက်တဲ့အချိန်

လိပ်ပြာလုံမှာ။

Here are constant reminders to oneself about money:


1. Treat work as vital to life.

2. Earn more money.

3. Don’t save, multiply.

4. Clear debts; avoid personal debt.

5. Don’t engage in actions that could harm your future income.

6. Love money; it’s simply a form of spiritual energy.

7. Learn how wealthy people think.

8. Pay attention to partnerships.

9. Don’t be afraid to spend money on things that can help you make more money.

10. Money doesn’t buy happiness, but it can buy most things that make you happy.

11. Think daily about how to grow your money.

12. Learn high-income skills, such as advertising techniques, public speaking, teaching what you know, and mastering survival skills.

13. Don’t borrow money for businesses you’re unfamiliar with or for money you don’t have.

14. If you don’t have money, you lose face. So, don’t hate money or deem it unimportant. Money matters.

15. Love for money should include ethical living, part of the Noble Eightfold Path in Buddhism, ensuring peace at life’s end.

Phyo Paing @ Derek

Share Your Idea!​