အိမ်က ငွေကြေးမတတ်နိုင်တဲ့
လူငယ်တွေအတွက်က
Work + Study ဒီနှစ်ခုကို
စဥ်းစားရမှာဖြစ်ပြီး
ကျောင်းပြီးတာနဲ့
အလုပ်ရှာလို့လွယ်ပြီး
အမြဲတမ်းနေထိုင်ခွင့်ရနိုင်တဲ့
နေရာမျိုးကို စဥ်းစားရမှာဆို
ပိုမှန်လိမ့်မယ်။
ဒီလိုလုပ်ဖို့ ကျွန်တော်ရောက်ဖူးတဲ့
နေရာတွေကို ကြည့်မယ်ဆိုရင်
အများစုက ဂျပန်၊ ကနေဒါ၊
အမေရိကား၊ နယူးဇီလန် နိုင်ငံကြီးရှိမယ်။
တခြားနိုင်ငံတွေထဲမှာ
ထိုင်ဝမ်ဆို လူသိမများပဲ
အလုပ်ဝင်ငွေ အများကြီးမဟုတ်ပေမယ့်
မဆိုးတဲ့နိုင်ငံတစ်ခုဖြစ်တယ်။
ထိုင်းမှာကတော့ ကျောင်းပြီးအလုပ်ဝင်မယ်ဆိုရင်တော့
ထိုင်းစကားပါသင်ထားမှ အဆင်ပြေနိုင်မယ်။
မလေးက ပညာရေးစျေးမကြီးပဲ
ကွာလတီကောင်းတဲ့ ပညာရေးတော့ရတယ်။
ကျောင်းပြီး အလုပ်ရှာတဲ့အခါတော့
နည်းနည်း challenging ဖြစ်နိုင်တယ်။
သူကလဲ ထည့်စဥ်းစားထားလို့ရတယ်။
နေထိုင်မှု ကုန်ကျစရိတ်က သိပ်မများဘူး။
ထိုင်းထက်တောင်နည်းသေးတယ်။
ဒီလိုကျောင်းသွားတက်ဖို့အတွက်
အချိန်တစ်ခုတော့ပေးရတတ်တယ်။
၃ – ၆ လ လောက်တော့ အနည်းဆုံးပြင်ဆင်သင့်တယ်လို့မြင်တယ်။