နှစ်ပေါင်းတော်ကြာဖြစ်နေတာတောင်
မှတ်ဥာဏ်ထဲက ထုတ်ရခက်တာမျိုး
ဖြစ်တတ်ကြတယ်။
အဓိက ဖြစ်နိုင်တာက
အဲ့ဒီလူတစ်ယောက်ကြောင့် ဘဝမှာ
တခါမှ မရဖူးတဲ့ လွတ်လပ်မှု၊
ရင်ခုန်မှု၊ ဂုဏ်ယူမှု အရင်မခံစားဖူးတဲ့
ခံစားမှုတစ်ခုကို ပထမဆုံးအနေနဲ့
အကြီးအကျယ်ခံစားလိုက်ရလို့ဖြစ်နိုင်တယ်။
ဒီခံစားချက်က ကိုယ်ကတောင်းတပြီး
အရင်က မကြုံဖူးခဲ့တဲ့
ခံစားမှုမျိုးဖြစ်နေနိုင်တယ်။
အဲ့ဒီလူက ကိုယ့်ကို ပါဝါတစ်ခု
ခံစားမှုမျိုးပေးတာမျိုးလဲဖြစ်နိုင်တယ်။
အဲ့ဒီ ခံစားချက်ကို ကိုယ်တိုင်
ရှာဖွေအစားထိုးလို့မရသမျှ
မေ့ဖို့ ခက်နေတာမျိုး ဖြစ်နေတတ်တယ်။
ဒါကို တချို့လူတွေပဲ ကောင်းကောင်း
နားလည်လိမ့်မယ်။
Phyo Paing @ Derek