Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပြောင်လို့ရတာနဲ့ ပြောင်းလို့မရတာ

မဟာဗျူဟာတွေ လုပ်ဆောင်ပုံတွေ Plan တွေကြိုက်သလောက်ပြောင်းလို.ရပေမယ်. ……..ရည်ရွယ်ချက်ကိုတော့မပြောင်းသင့ဘူး။

ဥပမာ တစ်နှစ်အတွင်း သိန်း ၁၀၀ ရှာချင်တယ်ဆို ဒီရှာချင်တဲ. ရည်ရွယ်ချက်ကို မပြောင်းသင့်ဘူး။ ဒီရည်ရွယ်ချက်သွားဖို့ လမ်းကြောင်းတွေကို တော့ လိုသလို ပြောင်းလို.ရတယ်။ မအောင်မြင်ရင် နောက်နည်းလမ်းတစ်ခု ပြန်ရှာလို့ရတယ်။ မရမချင်း လမ်းကြောင်းပြင် ပြန်လည်လုပ်ဆောင်လို့ရတယ်။

ဒီထက်တစ်ဆင့် ပြန်မြင့်ရင် Mission ပေါ့။ ကိုယ်က သူတပါးအတွက် ဘာလုပ်ပေးမှာလည်း ဆိုတဲ့ Mission. ဥပမာ Google စလုပ်တဲ. သူတွေအနေနဲ. ကမ္ဘာပေါ်မှာ ရှိတဲ့ သတင်းအချက်အလက်တွေ စုစည်းပြီး လူတိုင်းအခမဲ့ သုံးလို့ရအောင်လုပ်ပေးမယ်။ ဒီ သမိုင်းပေးတာဝန်လို့ ခံယူထားတဲ့ Mission ကို အကောင်ထည်ဖော်ရင်း Billionaire တွေဖြစ်လာကြတယ်။ Jack Ma …..SME အသေးနဲ.အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကူညီမယ်ဆိုပြီး ဘေးထွက်ရလတ်အနေနဲ. Billionaire ဖြစ်လာတယ်။ Mark Zuckerberg ကမ္ဘာကြီးကို ပို Open ဖြစ်အောင် လုပ်ပေးမယ် Sharing တွေကို အားပေးမယ်ဆိုတဲ. Mission နဲ့ Billionaire ဖြစ်လာတယ်။ Mission ဆိုတာ ကိုယ့်အတွက်မဟုတ်ဘူး။ သူတပါးအတွက်။

Mission နဲ. Objective ကိုတော့ မပြောင်းသင့်ဘူး။ လိုအပ်ရင်တော. Strategy နဲ့ Tactics ကို လိုရင်လိုသလိုပြောင်းရလိမ့်မယ်။

Phyo Paing @ Derek

Share Your Idea!​