လုပ်ငန်းရှင်တစ်ချို့အတွက်
၁။ အရင်က စခဲ့ပြီး အခုစိတ်တိုင်းမကျတဲ့
လွတ်ချလို့မရတဲ့ အလုပ်တွေ ရှိရင်ရှိမယ်။
၂။ အရင်က စခဲ့ပြီး အခု ပုံမှန်ဝင်ငွေရနေတဲ့
အလုပ်တွေ ရှိမယ်။
၃။ ကိုယ့်အတွက် ဝင်ငွေမြိုးမြိုးမြတ်မြတ်
ရနေတဲ့ အလုပ်တွေလဲရှိမယ်။
၄။ အနာဂတ်မှာ ဝင်ငွေများများရနိုင်တဲ့
Projects တွေကို စမ်းသပ်နေမယ်။
၅။ နှစ်ပေါင်း ၂၀ နဲ့အထက်မှာ
ကိုယ်အကောင်အထည်ဖော်ချင်တဲ့
ဆုံမှတ်တစ်ခု ရှိမယ်။
ဒီငါးခုက လုပ်ငန်းတစ်ခုလုပ်ရင်
ရှိနေနိုင်တဲ့ အလုပ်တွေပဲ။
ဒီအတွက် အာရုံတွေ အများကြီး
ပေးရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။
ကိုယ်တစ်ယောက်တည်း
လူစွမ်းကောင်း ဖြစ်နေရုံနဲ့မရဘူး။
ဦးနှောက်စွမ်းအားတွေ လိုတယ်။
ဒီ ဦးနှောက်စွမ်းအားကောင်းတွေရဖို့
နှစ်ရှည်လများ စိတ်ရှည်ရှည်နဲ့
ရှာဖွေ စုဆောင်းရတယ်။
Phyo Paing @ Derek