Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Limit your loss

အရှုံးတွေကို ကန့်သတ်ထားဖို့ကို
လောင်းကစားလုပ်ဖူးတဲ့သူတွေသိတယ်။
ကာစီနိုတစ်ခု မထိုင်ခင်တိုင်း
အမြဲတိုင်း စိတ်ပိုင်းဖြတ်သွားတာ
ငါ “ဘယ်လောက်” ရှုံးရင် ပြန်မယ်ဆိုတဲ့
စိတ်ဖြစ်တယ်။

ယောကျာ်းလေးအများစုက
ဘောလုံးပွဲလောင်းတာ၊ ဖဲရိုက်တာ၊
Casino သွားတာ တစ်ကြိမ်မဟုတ်
တစ်ကြိမ်လုပ်ဖူးကြတာကြီးပဲ။

ဒီလို လုပ်တိုင်းမှာ အစပိုင်း
မနူးမနပ်အချိန်မှာ ဘယ်လောက်နိုင်ရင်
ပြန်မယ်ဆိုတဲ့ စိတ်ထားတတ်တယ်။
ဒီတော့ “loss aversion” ဆိုတဲ့စိတ်နဲ့
ရှုံးမဲမဲပြီး တိုင်ပတ်တဲ့အချိန်တွေရှိတယ်။

နောက်ပိုင်း လောင်းကစားစိတ်ပညာတွေ
ရှာဖတ်ပြီး ဥပဒေသတစ်ခုထုတ်တယ်။
အလောင်းအစား လုပ်တိုင်းမှာ
“ဘယ်လောက်ပဲ အရှုံးခံမယ်”
limit your loss ဆိုတဲ့ အချက်အရေးကြီးတယ်။

ဒေါ်လာစျေးတွေတတ်တယ်
ဘယ်လောက်ထိပဲ အရှုံးခံမယ်ဆိုတဲ့
ဥပဒေသက လူတိုင်းအတွက်တော့မသိဘူး
ကျွန်တော့်အတွက်
တော်တော်အထောက်အကူပြုတယ်။

စီးပွားရေးလုပ်တဲ့အခါ
ဘယ်လောက်ထိပဲ အရှုံးခံမယ်ဆိုတဲ့
point ကို သတ်မှတ်ထားခြင်းဟာ
စိတ်ဒုက္ခရောက်တာက ကာကွယ်ပေးတယ်။

Phyo Paing @ Derek

Share Your Idea!​