ဗုဒ္ဓ အဆုံးအမကြောင့်
သံသရာ ဒီဘဝဖြတ်သန်းရတာ
လွယ်ကူအထာကျလာစေတယ်။
လူတွေ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့
ပုံပြင်တွေ မတူကြဘူး။
ပြဿနာ အခက်အခဲဆိုတာ
ကိုယ်တစ်ယောက်ထဲ ကြုံရတာမဟုတ်ဘူး။
လောကဓံဆိုတာ လူတိုင်းကြုံရမှာဖြစ်ပြီး
မဂ္ဂင်ရှစ်ပါး လက်ကိုင်ထားပြီး
သစ္စာလေးပါး နှလုံးသွင်းရမှာပဲ။
လောကမှာ သုခရှိသလို ဒုက္ခလဲရှိမယ်။
မှန်ကန်တဲ့ အမြင်ရှိဖို့
ဗုဒ္ဓက သင်ကြားလမ်းပြပေးခဲ့တယ်။
ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း။
ပေါကြွယ်ဝခြင်း၊ ဆင်းရဲမွဲသေခြင်း။
ဒါတွေကို အစွန်းနှစ်ဖက်
အရမ်းသွား ခံစားနေလို့မရဘူး။
မဇ္ဈိမပဋိပဒါ နှလုံးသွင်းရမယ်။
ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးမိတယ်။
Phyo Paing @ Derek