Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Strategy

Q: Strategy, Strategy နဲ့
ခဏခဏ ကြားနေရတယ်။
မဟာဗျူဟာဆိုတာ
ဘာကိုပြောတာလဲဗျ။

A: ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ရောက်ဖို့
မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်တာကို
မဟာဗျူဟာလို့ခေါ်တယ်။

Q: ဥပမာလေး တစ်ခုပေးပါလား။

A: ဥပမာ အားတီလေးရာ
ကိုယ်က ကိုယ့်ဆိုင်က ရပ်ကွက်ထဲမှာ
စျေးရောင်းကောင်းပြီး
အမြတ်ငွေများချင်တယ် ဆိုပါတော့။
ကိုယ်က “စျေးအသက်သာဆုံး” လျော့ပြီး
ပြိုင်ဆိုင်လို့ရတယ်။
ဒါမှမဟုတ် “မတူညီကွဲပြား” အောင်လုပ်ပြီး
စျေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းလို့ရတယ်။
ဒါမှမဟုတ် တစ်ခုတည်းကို
“အထူးပြု” ရောင်းလို့ရတယ်။

Q: မတူညီကွဲပြားတယ်ဆိုတာ
ဘယ်လိုမျိုးဖြစ်မလဲဗျ။
ကျွန်တော်က ကုန်စုံဆိုင်ဖွင့်တယ်
ဆိုပါတော့ဗျာ။

A: ဥပမာ ကိုယ့်ရပ်ကွက်ထဲက
လာဝယ်တဲ့ သူတွေရဲ့ နာမည်နဲ့
အကြိုက်ကို မှတ်မိနေတာ ဖြစ်ရင်ဖြစ်မယ်။
ဝန်ထမ်းတွေက တက်ကြွပြီး
မြန်မြန်ဆန်ဆန် ဝန်ဆောင်မှုပေးတာ
ဖြစ်ရင်ဖြစ်မယ်။
ဒါမှ မဟုတ် အိတ်လှလှလေးနဲ့
ထည့်ပေးလိုက်တာ ဖြစ်ရင်ဖြစ်မယ်။
ဒါမှမဟုတ် ဆိုင်ထဲဝင်လာရင်
စိတ်ချမ်းသာသွားစေတဲ့
အပြင်အဆင်ရှိတာ ဖြစ်ရင်ဖြစ်မယ်။
ဖောက်သည်တွေလိုချင်တဲ့
မတူညီ ကွဲပြားတာမျိုးပေါ့။

Q: ဟုတ်ပြီဗျာ။ ဒါဆို
အထူးပြု ဆိုတာမျိုးကျတော့
ဘယ်လိုလဲဗျ။

A: ဥပမာ ရပ်ကွက်ထဲက
ကလေးတွေများတယ်ဆိုပါတော့
ဒါဆို ကလေးတွေအတွက်
အနှီးတို့၊ နို့ဗူးတို့၊ စားစရာတို့၊
အသုံးအဆောင်ပစ္စည်း အစုံကို
အထူးပြုပြီး ရောင်းတာမျိုးပေါ့။

Q: ဒါဆို ဗျူဟာကျတော့
ဘယ်လိုမျိုးလဲဗျ။

A: မဟာဗျူဟာကို Strategy လို့ခေါ်ပြီး
ဗျူဟာကို Tactic ကို ခေါ်တယ်။
ဗျူဟာကျတော့ အသေးစိတ်
လုပ်ဆောင်ခြင်းဖြစ်ပြီး
ဘယ်သူက ဘယ်အလုပ်ကို
ဘယ်အချိန်မှာ ဘယ်လောက်သုံးပြီး
ဘယ်လို ပြီးအောင် လုပ်မယ်ဆိုတာမျိုး။
မဟာဗျူဟာကို အကောင်အထည်ဖော်ဖို့
ဗျူဟာလာတယ်။

Q: ဒါဆိုရင်တော့် နည်းနည်းရှင်းသွားပြီ။
Blue Ocean ဆိုတာက ကော်ဗျာ။

A: ဒါနောက် ဆွေးနွေးကြမယ်လေ
အားတီလေး။

Q: အိုကေ ဗျာ။

Akyanpay
ကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​