Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝဖြတ်သန်းမှု Guideline ၇ ခု

ကျွန်တော့်ရဲ့ principles ၇ ခုကတော့

၁။ Quantity > Quality

အရေအတွက်က အရည်အသွေးထက်
ပိုအရေးကြီးတယ်။
အရေအတွက်များလာလေလေ
သေချာလေ့လာသုံးသပ်ပြုပြင် သင်ယူမယ်ဆို
အရည်အသွေးပိုကောင်းလာလေလေ။

၂။ Trial Period ပေး

တစ်ခုခုလုပ်တော့မယ်ဆို
စမ်းသပ်ကြည့်ဖို့ အချိန်တစ်ခုပေး။
ဒီ phrase က Discovery လုပ်တဲ့ phrase.
တစ်ခုခုကို စမ်းကြည့်ပြီး မိုက်တယ်၊
ကြိုက်တယ်၊ လုပ်မယ်ဆိုမှ ဆုံးဖြတ်ချက်ချ။

၃။ နေ့စဥ်ရဲ့ စွမ်းပကားကို အသုံးချ

အပြောင်းအလဲလုပ်ချင်ရင်
နေ့စဥ်ရဲ့ စွမ်းပကားကို အသုံးပြုရမယ်။
တစ်ရက်တည်းနဲ့ မပြီးသွားဘူး။
ဒါကြောင့် လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်
အလုပ်ကို နေ့စဥ်ဘဝထဲမှာ
ဘယ်အချိန်လုပ်မလဲ စဥ်းစားပြီး
schedule လုပ်။

၄။ ကိုယ့်အတွေးတိိုင်းကို မေးခွန်းထုတ်

ကမ္ဘာပေါ်မှာ လိမ်ဖို့အလွယ်ဆုံးလူက
ကိုယ်ပဲ။
ဒါကြောင့် တစ်ခုခု စဥ်းစားပြီ၊
ယုံကြည်ပြီ တွေးခေါ်ပြီဆို
မေးခွန်းသာထုတ်။
အရင် က ဒီလိုစဥ်းစားဖူးလား။
ဘယ်အချိန်ကျရင် ဒီလိုအတွေးအခေါ်
ဝင်သလဲ။
ဒါနဲ့ပတ်သက်လို့ ကိုယ်ဘာတွေလုပ်ခဲ့လဲ။
အဆင်ပြေသွားလား၊
အခြေအနေဘယ်လိုရှိသလဲ။
ငါအရင်ထင်တာနဲ့ လုပ်ပြီးရတဲ့ ရလဒ်နဲ့
အခြေအနေဘယ်လိုရှိသလဲ။
မေးခွန်းထုတ် သုံးသပ်။

၅။ ကိုယ့်အကြောင်းကိုယ်စဥ်းစား

၂၀၁၃ မှာ စသိလာတာက
ချမ်းသာအောင်မြင်တဲ့သူနဲ့
သာမာန်လူအများစုနဲ့ ကွာခြားချက်က
အချိန်အများစုက ကိုယ့်အကြောင်းစဥ်းစားသလား
သူများအကြောင်းစဥ်းစား အတင်းပြောလားဆိုတာပဲ။
အချိန်အများစုက ကိုယ်ဘာလုပ်နေလဲ၊
ဘာဆက်လုပ်မလဲ၊
ကိုယ့် plan နဲ့ ကိုယ်စဥ်းစားနေဖို့လိုတယ်။

၆။ ကိုယ့်ဘဝနဲ့ကိုယ်

ကိုယ့် identity ကို နိုင်ငံနဲ့၊ လူမျိုးနဲ့၊
ချစ်သူရည်းစားနဲ့ သွားမတွဲနဲ့။
ဘဝပျက်မတတ်ခံစားရတဲ့အဖြစ်အပျက်တိုင်းကို
လေ့လာကြည့်တဲ့အခါ ဒီ identity issue နဲ့
အများစုသွားတွေ့ရတယ်။
ဆေးကျောင်းပြီးတော့ ဆရာဝန်ကနေ
စီးပွားရေးအကြံပေးဖက်ပြောင်းချင်လို့
ပညာသင်တဲ့အခါ identity crisis
အကြီးအကျယ်ဖြစ်တယ်။

နှစ်ရှည်တွဲလာပြီး လက်ထပ်မယ်ရည်ရွယ်ထားတဲ့
relationship ပျက်တော့ အကြီးအကျယ်
ဘဝပျက်မတပ်ဖြစ်တဲ့ ဥပမာတွေက
ကိုယ့် identity ကို တခြားသူနဲ့
သွားတွဲထားလို့။

ဒါကြောင့် Tim Ferriss တို့၊ 48 laws of power
ရေးတဲ့ Robert Greene တို့ကြည့်ကြည့်
အသက်ကြီးပြီ ဒါပေမယ့်
relationship မှာ ကိုယ့် identity နဲ့ကိုယ်ပဲ။

၇။ အိုစာမင်းစာကြိုတင်ပြင်ဆင်ထား

ကျွန်တော်ကတော့ ဘဝကို
အကောင်းမြင်ပြီး အဆိုးတွေအတွက်
ကြိုတင်ပြင်ဆင်ထားတယ်။
မျက်စိကန်း၊ ခြေကျိုး၊ နားမကြား၊
စစ်ဖြစ်၊ divorce ဖြစ်၊
စီးပွားပျက်၊ နာမည်ဖျက်ခံရ၊
တရားစွဲခံရ၊ အသက်ကြီးအထီးကျန်
ဒီ scenario တွေ ဖြစ်လာခဲ့သည်ရှိသော်
ဘာတွေလုပ်မလဲ။
ဒီအတွက် စိတ်ဓာတ်ရေးရာ
ကြိုတင်ပြင်ဆင်ထားတယ်။
ဒါကို Stoicism မှာ Planned suffering
လို့ခေါ်တယ်။

ဒါကတော့ ဘဝမှာ လက်ရှိထားထားတဲ့
principles တချို့ပေါ့။

Phyo Paing @ Derek

Share Your Idea!​