စီးပွားရေးဆိုတာ ဖောက်သည်
ပြဿနာဖြေရှင်းပြီး
အကျိုးအမြတ်ရှာဖွေတာ။
မားကတ်တင်းဆိုတာ ကိုယ်ဖြေရှင်းတဲ့
ပြဿနာကို ကိုယ်ရည်ရွယ်တဲ့သူတွေ
သိရှိစိတ်ဝင်စားပြီး
ဝယ်ယူအားပေးချင်အောင်လုပ်တာ။
ကိုယ်ရောင်းတဲ့ပစ္စည်းကို
စိတ်ဝင်စားအောင်လုပ်တာ
ကြော်ငြာကို စိတ်ဝင်စားအောင်လုပ်တာ
ဒါတွေက အပေါ်ယံဆန်တယ်။
မားကတ်တင်းဆိုတာ ဒီထက်
အများကြီးပိုနက်နဲတယ်။
စိတ်ပညာဆန်တယ်။
နည်းပညာဆန်တယ်။
အတွေးအခေါ်ဆန်တယ်။
Identity politics တို့၊
Identity marketing တို့၊
ကုန်ပစ္စည်းမထွက်သေးဘူး
ငွေကြိုလွဲထားတာမျိုးတို့။
ဒီတွေဟာ နေ့စဥ်မျက်စိရှေ့ဖြစ်ပျက်နေတာတွေ။
ကမ္ဘာ့အအောင်မြင်ဆုံး brand တိုင်းက
ဝယ်ပါဝယ်ပါ ထိုးရောင်းမနေဘူး။
ကိုယ့်အထာနဲ့ကိုယ် ဆက်သွယ်မှုလုပ်တယ်။
တကယ်ဖြစ်သင့်တာ
ကိုယ်ရောင်းတဲ့ကုန်ပစ္စည်းဖြေရှင်းပေးတဲ့
ပြဿနာက
ဝယ်ယူသူတွေတကယ်ကြုံတွေ့နေတဲ့
ပြဿနာဟုတ်ရဲ့လား ရှာဖွေဖော်ထုတ်ဖို့လိုတယ်။
အဲ့ဒါကို ကြီးကြီးကျယ်ကျယ်ဆို
Research သုတေသနလုပ်တယ်လို့ခေါ်တယ်။
တချို့တွေက ပြောကြတယ်
ဆယ်တန်းအောင်စရာမလိုဘူး
အလိုက်သိဖို့လိုတယ်တဲ့။
အလိုက်သိတယ်ဆိုတာ marketing ရဲ့စကားလုံးပဲ။
ဒီလိုအလိုက်သိဖို့ ကိုယ်ချင်းစာတရားလိုတယ်။
Empathy ဆိုပါတော့။
ရောင်းချင်တာပဲ ထိုးရောင်းမနေပါနဲ့။
ဝယ်သူလိုချင်တဲ့၊ လိုအပ်တဲ့ပစ္စည်းဟုတ်ရဲ့လား
နည်းနည်း ခံစားသုံးသပ်ကြည့်ပါအုံး။
Phyo Paing @ Derek