ကြုံဖူးမလားတော့မသိဘူး
တချို့သူတွေနဲ့ တွေ့ပြီးရင်
ကံဇာတာတွေ ကျသွားသလို
အကြည်ဓာတ်တွေ ပျောက်
အပူဓာတ်တွေ ရောက်ဖြစ်တတ်တယ်။
တချို့သူတွေနဲ့ တွေ့ရင်
ရှင်းနေတဲ့ အရာတွေ ပိုရှုပ်သွားတတ်တယ်။
တချို့သူတွေနဲ့ တွေ့ရင်
ရှုပ်နေတဲ့အရာတွေ ပိုရှင်းသွားတတ်တယ်။
ပိုတက်ကြွပြီး အားအင်ပိုရှိလာတတ်တယ်။
လူတွေမှာ ဓာတ်တွေရှိတယ်။
ဒီဓာတ်တွေကို အနံ့ခံပြီး
ဘယ်သူနဲ့ ပေါင်း၊
ဘယ်သူ့ကို ချင့်ချိန်ပေါင်း၊
ဘယ်သူ့ကို စည်းခြား၊
ဘယ်သူ့ကို ရှောင် သတိထားဖို့လိုနိုင်တယ်။
အထူးသဖြင့် အခုလို ကာလမှာ။
Phyo Paing @ Derek