Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အရေးအကြီးဆုံးကတော့ စိတ်ဓာတ်ပါပဲ။

Covid-19 အပြင် ဒီရက်ပိုင်းအဖြစ်အပျက်တွေက
လုပ်ငန်းရှင်အပေါင်းကို စိတ်ဓာတ်ကျစေမှာ
အမှန်ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းရှင်ဆိုတာ
သာမာန်ထက်ပိုပြီး ဒူပေဒဏ်ပေခံနိုင်ရမယ်ဆိုတာ
အားလုံးသိပြီးဖြစ်မှာပါ။

လုပ်ငန်းရှင်တွေအတွက်
ဒီလို အချိန်အခါမျိုးမှာ
ကိုယ့်လုပ်ငန်းဆက်လက်ရှင်သန်ဖို့
Budgeting သေချာလုပ်ရမည့်အချိန်ဖြစ်ပါတယ်။

ကုန်ကျစရိတ်တွေ၊ အခန်းခ၊ ဝန်ထမ်းစရိတ်နဲ့
မသေချာတဲ့ အနာဂတ်အတွက်
အရောင်းခန့်မှန်းတွေပြုလုပ်ဖို့လိုလာပြီး
ကြိုတင်စီမံခန့်ခွဲမှုပြုလုပ်ရမည့်အချိန်ပါ။

လုပ်နေတဲ့စီးပွါးရေးပုံစံနဲ့ စျေးကွက်ပုံစံ
အများကြီးအပြောင်းအလဲရှိနိုင်တဲ့အတွက်
Business Environment Analysis သေချာလုပ်ပြီး
ကြိုတင်စီမံသင့်တာ စီမံရမည့်အချိန်ဖြစ်ပါတယ်။

အသုံးစရိတ်နဲ့ ရှင်သန်ဖို့
ချိန်ဆရမည့်အချိန်။
ပုံမှန်အခြေအနေပြန်ရောက်ဖို့
အနည်းဆုံး ၆ လ နဲ့အထက်
ကြာနိုင်ပါတယ်။

အရေးအကြီးဆုံးကတော့ စိတ်ဓာတ်ပါပဲ။
စိတ်ဓာတ်မကျဖို့လိုပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Phyo Paing @ Derek

Share Your Idea!​