Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

24 February 2021

ခုဆို ၂၄ ရက်ပဲရှိသေးတယ်
တချို့တွေ စိတ်ဓာတ်ကျချင်လာပြီ
တချို့တွေ ဒေါသတွေကြီးလာပြီ
တချို့တွေ အဆဲသန်လာပြီ။

ဒေါ်အောင်ဆန်းစုကြည်လို
နေအိမ်အကျယ်ချုပ်နဲ့ ဆယ်စုနှစ်
တစ်ခုကျော်နေရမယ်ဆို
ကျွန်တော်တို့ သွေးပျက်သွား
နိုင်လောက်တယ်။

Freedom from Fear ဆိုတာ
စိတ်ခံစားမှု (အကြောက်တရား)
ကင်းဝေးဖို့အတွက်ဆို
ကိုယ်ကစိတ်ခံစားမှုရဲ့
အရှင်သခင်ဖြစ်နေဖို့ လိုတယ်။

ခေါင်းအေးအေးနဲ့ မဟာဗျူဟာချပြီး
စိတ်ရှည်ရှည်နဲ့ ရည်မှန်းချက်ကို
ရောက်အောင်သွားဖို့ လိုတယ်။

အရင်လိုမှုက အရေးကြီးသလို
ရေရှည်အတွက် ဒူပေဒဏ်ပေခံပြီး
စိတ်ရှည်ဖို့လဲ အရေးကြီးတယ်။

ကျွန်တော်တို့ တချို့အရာတွေကို
တိုက်ရိုက် မလွမ်းမိုးနိုင်ဘူး။
ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုကိုတော့
တိုက်ရိုက် ၁၀၀% လွမ်းမိုးနိုင်တယ်။

Phyo Paing @ Derek

Share Your Idea!​