လုပ်ငန်းရှင်တစ်ယောက်အတွက်
အရေးအကြီးဆုံး စကေးက
ဘာများဖြစ်မလဲ?
ကိုယ့်လုပ်ငန်းရဲ့ နောက်ထပ်ဖြစ်မည့်
အရာတွေကို ကြိုတင်ခန့်မှန်းနိုင်မှု။
ဒါကို anticipation လို့ခေါ်ပါတယ်။
ဒါကို စီးပွားရေးလုပ်ငန်းမှာ
လုပ်ငန်းလုပ်တာ အချိန်တစ်ခုရောက်လာလို့
လုပ်ငန်းရှင်ပါးဝလာရင်
ဘာပြီး ဘာဖြစ်မယ် သိတင်ခန့်မှန်းနိုင်လာပြီ။
ကြုံဆုံခဲ့တဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီး
ဘယ်အချိန်ဘာလုပ် သိလာပြီ။
Gym သွားနေကျ Trainer တစ်ယောက်လို
ဘယ်လိုခန္ဓာကိုယ်မျိုးရဖို့
ဘယ်အချိန်မှာ ဘယ်လောက်စားပြီး
ဘာလုပ်ရင် ဘာဖြစ်မယ် သိလာတာမျိုး။
ဒီလိုဖြစ်ဖို့ လုပ်ငန်းကျွမ်းကျင်မှု
အထူးလိုအပ်တယ်။
လုပ်ငန်းကျွမ်းကျင်ဖို့
အာရုံစိုက်မှု အထူးလိုအပ်တယ်။
အမှားတွေက သင်ခန်းစာယူနိုင်ဖို့
အရေးကြီးတယ်။
အောင်မြင်တဲ့လုပ်ငန်းရှင်အများစုက
ပထမလုပ်ငန်းနဲ့ တခါတည်း
အရမ်းအောင်မြင်တာ ရှားတယ်။
Microsoft မတိုင်ခင်က
Bill Gates ဆို ကျောင်းသားဘဝက
Traf-O-Data ကို
သူ့နယ်ကအစိုးရကို ရောင်းခဲ့တယ်။
Mark Zuckerberg ဆိုလဲ
Synapse Media Player ကို
ကျောင်းသားဘဝကတည်းက ဖန်တီးခဲ့တယ်။
ကိုယ့်ရဲ့ ပထမဆုံးလုပ်ငန်းကို
ဘဝရဲ့ နောက်ဆုံးလုပ်ငန်းလို မစဥ်းစားပါနဲ့။
အမှားတွေ လုပ်မိလိမ့်မယ်။
သင်ခန်းစာယူ။
လုပ်ငန်းရှင်ပါးဝလာရင်
ကြိုတင်မြင်နိုင်စွမ်းတွေ တိုးတက်လာလိမ့်မယ်။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay