တစ်နှစ်၊ နှစ်နှစ် သူတို့နိုင်လိမ့်မယ်။
ဆယ်နှစ်၊ နှစ်နှစ်ဆယ် ကိုယ်နိုင်လိမ့်မယ်။
သူတို့ဇွဲအဲ့လောက် မရှိဘူး၊
စည်းကမ်းအဲ့လောက်မရှိဘူး၊
စိတ်အဲ့လောက်မနိုင်ဘူး၊
ရည်မှန်းချက်အဲ့လောက်မကြီးဘူး၊
အဲ့လောက်မဝေးကြီးမတွေးနိုင်ဘူးဆိုတာ
ကိုယ်သိတယ်လေ။
ဘဝမှာ အဲ့စိတ်ပဲထားတယ်။
ပြိုင်စရာမလိုဘူး။
ကိုယ့်အနာဂတ် ဆယ်နှစ်၊ နှစ်နှစ်ဆယ်
အနာဂတ်အမြင်ကိုသာ အကောင်အထည်ဖော်နေ။
မသေသေးရင် ကိုယ်နိုင်မှာပဲ။
မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။
Phyo Paing @ Derek