လုပ်ငန်းစရင် A လေးလုံးနဲ့စလိုက်ကြတယ်။
Activation
ရင်ခုန်မှုအပြည့်နဲ့ Activate လုပ်လိုက်ကြတယ်။
Actualization
ဒုတိယကျတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်အကြံက
ဒိုင်လူကြီးဖြစ်တဲ့ စျေးကွက်နဲ့တွေ့တဲ့အခါ
အော်အေးအင်း ဆိုပြီး Actualization ဖြစ်လာကြတယ်။
ငါအရင်ကထင်ထားတာနဲ့ တကယ်နဲ့ မတူပါလားသိလာတယ်။
Allocation
နောက်တစ်ဆင့်ကတော့ Allocation ပဲ။
ဒီအဆင့်မှာ လူမှန်၊ နေရာမှန်၊ လိုအပ်တဲ့ အရင်းမြစ်မှန်ကို
ချမှတ်နိုင်လာတယ်။
Automation
ဒါပြီးတော့ ဘာကြောင့် Automation အဆင့်လုပ်လို့မရလဲဆို
လုပ်ငန်းမစခင်မှာ လုပ်ရမည့် A 2 လုံးလိုနေလို့။
ပထမဖြစ်တဲ့ Aspiration မှားနေလို့ဖြစ်နိုင်တယ်။
Peter Thiel ပြောသလို ဒုတိယ Facebook က
Facebook ဖြစ်မှာ မဟုတ်ဘူး။
မြန်မာပြည်မှာ အောင်မြင်တဲ့ trainer ကြည့်ပြီး
သူ့လိုဖြစ်ချင်ရင် ကျန်ခဲ့ပြီ။
သူ့ထက် ခုန်ပျံကျော်လွှားသွားဖို့ စဥ်းစားရမှာ။
ကိုယ့်ရဲ့ role model ကိုပြန်စဉ်းစားပါ။
ကိုယ့်ရဲ့ စိတ်ကူး၊ အကြံကို ပြန်သုံးသပ်ပါ။
နောက်တစ်ခုကတော့ Assessment ပဲ။
လုပ်ငန်းမစခင် စမည့်စျေးကွက်အတွင်းမှာရှိတဲ့
players တွေနဲ့ စျေးကွက် dynamics နဲ့
အလုပ်ဖြစ်တဲ့ business model တွေကို
ဆန်းစစ်တဲ့ အဆင့်။
ဒီအဆင့် နှစ်ဆင့်မလုပ်ခဲ့တဲ့အခါ
Automation မရောက်ခင် တိုင်ပတ်တတ်ကြတယ်။
A 6 လုံးက ဒီလိုသွားကြတယ်။
1. Aspiration
2. Assessment
3. Activation
4. Actualization
5. Allocation
6. Automation
အားလုံးအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ဆိုတာ
အရွေ့တစ်ခု movement တစ်ခုပါ။
သင်လဲပါဝင်နိုင်ပါတယ်။
Akyanpay
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ပါ။
#akyanpay