ချမ်းသာ၊ အောင်မြင်တာတွေ သာလူတွေ
ပြောနေကြတာ။
တကယ်တမ်းအများစုဖြစ်ချင်ကြတာ
အချိန်တိုင်းမှာ feel good နေလို့ထိုင်လို့ကောင်းချင်တာ။
ဒီလိုဖြစ်ဖို့ အလုပ်အပြင်၊
ဖျော်ဖြည်ရေးတွေ၊ ခရီးသွားအလည်အပတ်၊
လူတွေရဲ့အသိအမှတ်ပြု ဆုတံဆိပ်တွေ၊
စျေးကြီးတဲ့အစားအစာနဲ့ ဇိမ်ခံပစ္စည်းတွေ
နောက်လိုက်ကြတယ်။
တချို့က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်
physiology ကို ပြုပြင်ဖို့ ကြိုးစားကြတယ်။
အမြင်သာဆုံးကတော့ ကော်ဖီပေါ့။
ကော်ဖီမှာ ကဖိန်းဓာတ်ပါတယ်။
ကဖိန်းဓာတ်က ခန္ဓာကိုယ်မှာပါတဲ့
adenosine (အဒီနိုဇင်း) ကိုသွားပိတ်တယ်။
ဒီ adenosine ဆိုတဲ့ neurotransmitter က
ခန္ဓာကိုယ်ကို ကြွက်သားတွေကိုလျော့ချပြီး
အိပ်ချင်မှုကို ဖြစ်ပေါ်စေတယ်။
ဒါကို ပိတ်လိုက်တော့ နိုးကြားမှုဖြစ်လာတယ်။
ဒါပေမယ့် တခြားပြင်ပနိုးဆွတဲ့
ဆေးဝါးတွေလိုပဲ ကြာလေ ဆေးမတိုးတော့လေ
ဖြစ်လာတတ်တယ်။
သေချာသုံးတတ်ရင်တော့ bio hacking အပျော့စား
အနေနဲ့ အသုံးပြုလို့ရတယ်။
ကဖီးဓာတ်က ခန္ဓာကိုယ်မှာ ၄ နာရီလောက်ခံတယ်။
သူက ညနေအသုံးပြုမည့် စွမ်းအင်ကို
ကြိုသုံးထားတာနဲ့ တူတယ်။
ဒါကြောင့် မနက်စောစောမှာ ကော်ဖီမသောက်ပဲ
နေ့လည်လောက်မှာ စွမ်းအင်ကျချိန်လောက်
သောက်လို့ရသလို
ခဏအိပ်စက်ခြင်းနဲ့ စနစ်ပေါင်းပြီး
nappuccino (coffee + nap) လုပ်လို့ရတယ်။
နေ့လည် စွမ်းအင်အနည်းဆုံးအချိန်
ကော်ဖီသောက်ပြီး ၂၅ မိနစ်လောက်
alarm ပေးထားလိုက်။
နောက် ၁၀ မိနစ်က မိနစ် ၂၀ အိပ်။
ကော်ဖီရဲ့ အာနိသင်ရောက်ဖို့ ၁၅ မိနစ်လောက်ကြာတော့
ထလာတဲ့အချိန် ကွက်တိပဲ။
နောက်တစ်မျိုးက အပင်ပန်းခံပြီး
တစ်ရက်သာ နေသာထိုင်သာရှိအောင်
ကိုယ့်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းငြိပြီး
စနစ်ချတာ။
စားမည့်အစားအသောက်၊
အိပ်စက်မည့်ပုံစံ၊
အိပ်စက်မည့်အချိန်
လေ့ကျင့်ခန်းလုပ်မည့်ပုံစံနဲ့
လုပ်မည့်အချိန်၊
အလုပ်လုပ်မည့်အချိန်၊
တရားထိုင်ဖို့အချိန်၊
နောက် ကိုယ့်ဘဝရဲ့တန်ဖိုးထားမှုတွေ
နေ့စဉ် ပြည့်နေ့ဖို့ နေ့စဉ်လုပ်ဆောင်မှု
routine တွေ စနစ်ချဖို့လိုတယ်လို့ထင်တယ်။
မဟုတ်ရင် high-performance ဖြစ်ဖို့
မလွယ်လောက်ဘူး။
ဥပမာ ဒိုလေးသာ စားချင်တာစား၊
အိပ်ချင်တဲ့အချိန်အိပ်ပြီး
လုပ်ချင်တာလုပ်နေရင်
ကမ္ဘာ့အတော်ဆုံး အားကစားထဲပါဖို့
မလွယ်ဘူး။
Peak Performance ရဖို့ အားကစားသမား
တစ်ယောက်လို့ စဉ်းစားဖို့ လိုတယ်လို့ထင်တယ်။
ဒီလို လုပ်ဆောင်ဖို့ စနစ်နဲ့ စည်းကမ်းလိုတယ်လို့ထင်တယ်။
Phyo Paing @ Derek