Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

55 Questions to ask yourself, Across 8 Dimensions For A New You!

အားတီအားမေတို့အတွက်
နာမည်ကြီး စာအုပ်ဖြစ်တဲ့ Coaching Questions 55 ခုပါတဲ့
Manoj Chenthamarakshan ရဲ့
55 Questions to ask yourself, Across 8 Dimensions For A New You! ကို တင်ပေးလိုက်တယ်။

Self-image

  1. Who am I? သင်ဘယ်သူလဲ?
  2. How do I view myself? Positive or negative? ကိုယ့်ကိုကိုယ် ဘယ်လိုမြင်သလဲ။ အကောင်းမြင်လား၊ အဆိုးမြင်လား။
  3. Who are your top 3 role models? ကိုယ့်အားကျတဲ့ စံထားတဲ့ပုဂ္ဂိုလ်သုံးယောက်ဆို ဘယ်သူတွေဖြစ်မလဲ။
  4. What are those qualities that you admire in them? ဘယ်အချက်နှစ်ချက်ကို ကိုယ်လေးစားအားကျသလဲ။
  5. What are your top 3 strengths? ကိုယ့်ရဲ့အားသာချက်သုံးချက်ကဘာဖြစ်မလဲ။
  6. What are the top obstacles that you have overcome? How did you do so? သင်ကျော်လွှားရမည့်အချက်အခဲ စိန်ခေါ်မှုတွေက ဘာတွေလဲ။ ဒါတွေကို ဘယ်လိုကျော်လွှားမလဲ။
  7. What do you love doing? (In terms of career and passion) ကိုယ်ဘယ်အလုပ်တွေလုပ်ရတာကို နှစ်သက်သလဲ။
  8. What do you like about yourself? ကိုယ့်ကိုကိုယ်ဘယ်အချက်တွေကို သဘောကျသလဲ။
  9. What makes you lose track of time? ထမင်းမေ့ဟင်းမေ့နဲ့ အချိန်ကိုမေ့ပြီးလုပ်မိတဲ့ အလုပ်နဲ့ ဝါသနာတွေက ဘာတွေလဲ။
  10. If money was abundant in your life what would you do? သင့်ဘဝမှာ ငွေနောက်လိုက်စရာမလိုလောက်အောင် အလျှံပယ်ဖြစ်နေပြီဆိုရင် သင်ဘာလုပ်မလဲ။
  11. What is that one thing that you continue doing even if you have all the riches in the world? သင့်မှာငွေကြေးအရမ်းကြွမ်းဝပြီး ဘားမှမလိုတော့ဘူးဆိုရင်တောင် လုပ်နေမယ့်အရာတစ်ခုက ဘာဖြစ်မလဲ။
  12. What completes you as a person? ကိုယ့်ဘဝမှာ ဘယ်အရာမရှိရင် မနေတတ်ဘူးလဲ။ မိသားစုလား၊ အချစ်လား၊ အလုပ်လား၊ စိန်ခေါ်မှုတွေလား။
  13. What are you complimented for usually? လူတွေက ကိုယ့်ကိုဘယ်အရာမှာတော်တယ်လို့ ချီးမွမ်းကြသလဲ။

Goal Questions

Here are questions that will help bring about clarity to your goals and objectives:

  1. What fulfills me as an individual? ဘယ်အလုပ်အကိုင်၊ ဘယ်ဝါသနာတွေက ကိုယ့်ကိုစိတ်ကြေနပ်မှုရစေသလဲ။
  2. What skills do I have to achieve this goal? ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေကို အကောင်အထည်ဖော်ဖို့ ဘာကျွမ်းကျင်မှုတွေလိုအပ်မလဲ။
  3. Why else would I need to achieve this goal? ဘာကြောင့် ဒီရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်ဖို့လိုအပ်သလဲ။
  4. When do I want to achieve this? ဘယ်အချိန်မှာ ဒီရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်ဖို့ ရည်မှန်းသလဲ။
  5. What would happen if I achieve this goal? ဒီရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်သွားရင် ဘာတွေဖြစ်သွားမလဲ။
  6. How would your surroundings change when you achieve this goal? ဒီရည်မှန်းချက်ပန်းတိုင်ကိုသာအကောင်အထည်ဖော်နိုင်ရင် ကိုယ်ဘေးနားလေးက လူတွေ၊ ပတ်ဝန်းကျင်တွေအပေါ် ဘယ်လိုသက်ရောက်မှုမျိုးရှိမလဲ။
  7. What would you see, hear and feel once you achieve this goal? ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေကိုသာ ဆွတ်ခူးနိုင်ခဲ့ရင် ဘာတွေမြင်မလဲ၊ ဘာတွေကြားမလဲ၊ ဘယ်လိုခံစားရမလဲ။
  8. How would you remind yourself to stay on track during the journey? ကိုယ့်ရည်မှန်းချက်ပန်းတိုင်သွားတဲ့လမ်းကြောင်းမှာ ကိုယ့်ကိုကိုယ် ဘယ်လိုသတိပေးဖို့လိုမလဲ။

Belief and Value Questions

  1. What do you stand for? ကိုယ့်ဘဝရဲ့ ရပ်တည်ချက်ကဘာလဲ။
  2. What irritates you the most? ဘယ်အရာက ကိုယ့်ကို စိတ်ကသိကအောင့်ဖြစ်စေသလဲ။
  3. What are you ready to fight for? ကိုယ့်အနေနဲ့ဘယ်အရာအတွက် တိုက်ပွဲဝင်နေသလဲ။ ဥပမာ ကိုယ်ယုံကြည်တဲ့ အရာတစ်ခု၊ သို့ ကိုယ်သက်သေပြချင်တဲ့အရာတစ်ခု။
  4. What does a successful person mean to you? အောင်မြင်တဲ့သူတစ်ယောက်လို့ပြောလိုက်ရင် ကိုယ်ဘယ်လိုထင်မြင်သလဲ။
    26.What is the difference between the present you and the successful you? လက်ရှိကိုယ်နဲ့ အောင်မြင်နေတဲ့ ကိုယ်နဲ့ကြားမှာ ဘာကွာခြားချက်တွေ ရှိနေမလဲ။
  5. What is holding me back to take actions? ကိုယ့်အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ ဘယ်အရာတွေက နောက်ပြန်ဆွဲထားလဲ။
  6. What do you need to change mentally? ကိုယ့်စဥ်းစားတွေးခေါ်ပုံဘယ်လို အပြောင်းအလဲလုပ်ရမလဲ။
  7. How would you do them? ဘယ်လိုပုံစံမျိုးနဲ့ ကိုယ်စဥ်းစားတွေးခေါ်ပုံကို အပြောင်းအလဲလုပ်သလဲ။ ဥပမာ တရားထိုင်တာ၊ စာဖတ်တာ၊ ကိုယ့်ကိုကိုယ် autosuggestion လုပ်တာ။
  8. What habits do you need to change? ကိုယ့်ရဲ့ ဘယ်အမူအကျင့်တွေကို အပြောင်းအလဲလုပ်ရမလဲ။
  9. How would you change the habits you need to change? ကိုယ်အပြောင်းအလဲ လုပ်ရမည့်အမူအကျင့်တွေကို ကိုယ်ဘယ်လိုအပြောင်းအလဲလုပ်မလဲ။
  10. What is your favorite animal? And why? ကိုယ်အကြိုက်ဆုံးတိရစ္ဆာန်က ဘယ်အကောင်လဲ​။ ဘာကြောင့်လဲ။
  11. If you should describe yourself in a single word, what would that be? ကိုယ့်ကိုကိုယ် စကားလုံးတစ်လုံးနဲ့သာဖော်ပြရမယ်ဆို ဘယ်လိုဖော်ပြမလဲ။

Unstuck Questions

  1. What could you do to change this situation? လက်ရှိကိုယ့်ဘဝအခြေအနေကို အပြောင်းအလဲလုပ်ဖို့ ဘာတွေလုပ်ဆောင်နိုင်သလဲ။
  2. What resources do you have currently to achieve your goals? လက်ရှိကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့ ဘာအရင်းအမြစ်တွေရှိသလဲ။
  3. What else could you do to reach this goal? ကိုယ့်ရည်မှန်းချက်ပန်တိုင်ကို ရောက်ဖို့ ဘာတွေထပ်လုပ်လို့ရသေးလဲ။
  4. Whom can you get help from? ဘယ်သူတွေရဲ့ အကူအညီကိုလိုသလဲ။
  5. Which options do you think would be the effective one? ဘယ်လမ်းကြောင်းက ကိုယ့်အတွက် အထိရောက်ဆုံးလမ်းဖြစ်မယ်လို့ထင်သလဲ။
  6. What do you think is required to speed up this process? ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အမြန်ဆုံးဖြစ်အောင် ဘာတွေလိုအပ်မလဲ။

Action Questions
Ideas are shit, Execution matters – Gary Vee

  1. What do I want to achieve in 6 months? နောက်ခြောက်လအတွင်းမှာ ကိုယ်ဘယ်အရာတွေကို အကောင်အထည်ဖော်ချင်လဲ။
  2. What do I want to achieve in 3 months? နောက်သုံးလအတွင်းမှာ ဘယ်အရာတွေကို အကောင်အထည်ဖော်ချင်လဲ။
  3. What do I want to achieve in 1 month? နောက်တစ်လအတွင်းမှာ ဘယ်အရာတွေကို အကောင်အထည်ဖော်ချင်လဲ။
  4. What do I want to achieve this week? ဒီတစ်ပတ်ထဲမှာ ဘယ်အရာတွေကို အကောင်အထည်ဖော်ချင်လဲ။
  5. What are the resources that I need to stay on track? ရည်မှန်းချက်ကိုသွားနေတဲ့ လမ်းကြောင်းမှန်ပေါ်မှာပဲရှိနေဖို့ ဘာအရင်းအမြစ်တွေလိုမလဲ။
  6. What would keep me from taking actions? And how do I deal with it? ဘယ်အရာတွေက ရည်မှန်းချက်တွေအကောင်အထည်ဖော်ဖို့ အတားအဆီးဖြစ်နေလဲ။ ဒါကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်သလဲ။

Habit Questions

  1. What new habits should I follow to achieve this goal? List them ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့ ဘယ်လို အမူအကျင့်တွေလိုမလဲ။ ဒါတွေကို ချရေးကြည့်ပါ။​
  2. What would remind you to stick with the plan? ကိုယ့် plan အတိုင်းဆက်သွားဖို့ ဘယ်အရာတွေက ကိုယ့်ကို သတိပေးသလဲ။

Accountability Questions

  1. Whom will you associate with? ကိုယ်ဘယ်သူတွေနဲ့ အပေါင်းအသင်းလုပ်သလဲ။
  2. Whose help is required for you? ကိုယ့်ရည်မှန်းချက်တွေရောက်ဖို့ ဘယ်သူ့အကူအညီလိုသလဲ။
  3. Whom will you call when you feel down or low? ကိုယ်စိတ်ဓာတ်ကျ အားငယ်တဲ့အချိန် ဘယ်သူ့ကို ဖုန်းခေါ်သလဲ၊​ ဘယ်သူနဲ့တွေ့သလဲ။
  4. Who is your coach? သင့်ဘဝရဲ့နည်းပြကဘယ်သူလဲ။

Celebration Questions

  1. What were your biggest achievements this year? ဒီနှစ်ထဲမှာ ကိုယ့်ရဲ့ အကြီးဆုံးဆွတ်ခူးမှုကဘာဖြစ်မလဲ။
  2. How would you celebrate once you achieve this goal? ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ရင် အောင်ပွဲဘယ်လိုခံကြမလဲ။
  3. What are the milestone celebrations? အောင်ပွဲခံဖို့ mini-milestones လေးတွေရှိလား။ ကိုယ့်လမ်းခရီးမှာ သေးသေးလေး အောင်ပွဲခံလို့ရမည့်အရာတွေ။​
  4. Whom would you share this victory with once you have achieved? ကိုယ့်အောင်မြင်မှုကို ဘယ်သူတွေနဲ့ မျှဝေပြီး အတူတကွ အောင်ပွဲခံကြမလဲ။

Phyo Paing @ Derek

Share Your Idea!​