Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

How > Why > What > Who

How တွေထဲ အရမ်းရောက်ပြီး
Why တွေ ပျောက်သွားတတ်တယ်။
ဘဝမှာ Why ကိုသိရင်
What က ရွေးချယ်လို့ အတော်လွယ်သွားပြီ။

စနစ်ချဖို့ How တွေကိုမေးရတယ်။
မဟာဗျူဟာချဖို့ Why တွေကို မေးရတယ်။
စနစ်နဲ့ မဟာဗျူဟာ ချိပ်ဆက်ဖို့အတွက်
What နဲ့ Who လိုတယ်။

ဒီ Why, What, Who ပြည့်စုံတဲ့အခါ
How က လွယ်ကူသွားနိုင်တယ်။

ပထမလုပ်ငန်းစတဲ့သူတိုင်းက
How အားကိုးပြီး စခဲ့ကြတယ်။
ဒုတိယလုပ်ငန်းကို
What ဒါမှ မဟုတ် Who နဲ့ စကြတယ်။
နောက်ပိုင်း Why ကို သိတဲ့အခါ
မဟာဗျူဟာ လုပ်ငန်းဂေဟစနစ်ချနိုင်လာမယ်။

ကမ္ဘာ့စီးပွားရေး နယ်ပယ်မှာ
မဟာဗျူဟာကောင်း ချတဲ့သူတွေအကုန်ကြည့်ရင်
How နဲ့ စ Why ရံပြီး Who နဲ့ ဆက်တယ်။

ဒါကြောင့် Simon Sinek ရဲ့ စာအုပ်ခေါင်းစဥ်နဲ့ ပြောင်းပြန်
Start with Why မဟုတ်ပဲ၊
Start with How လို့ စဥ်းစားမိတယ်။

Phyo Paing @ Derek

Share Your Idea!​